အခန်းတွင်း သစ်ပင်နဲ့ အလှဆင်ခြင်းအကျိုးကျေးဇူး
>> Monday, April 30, 2007
Read more...
အမှတ်တရများ စုစည်းရာ
ဂျာမနီနိုင်ငံက မြို့တွေမှာ စက်ဘီးငှားတဲ့ စနစ်လေးက စိတ်ဝင်စားစရာပါ။ ငှားလို့ရမယ့် စက်ဘီးဟာ လမ်းဘေးမှာ ဂဏန်းတွဲနဲ့ ဖွင့်ရတဲ့ အီလက်ထရောနစ်သော့နဲ့ ခတ်ပြီး ရပ်ထားပါလိမ့်မယ်။ စက်ဘီး ငှားချင်ရင်တော့ ပထမဆုံး ကုမ္ပဏီဖုံးနံပါတ်ကို ခေါ်ပြီး မှတ်ပုံတင်စာရင်းသွင်းထားရပါမယ်။ စက်ဘီးကို စီးချင်တဲ့ အခါမှာတော့ လမ်းဘေးမှာတွေ့တဲ့ နီးရာစက်ဘီးက ဂဏန်းပြဒိုင်ခွက်ကို ကြည့်လိုက်ပါ၊ အစိမ်းရောင် လင်းလက်နေရင် အဲဒီစက်ဘီးက အားပါတယ်၊ ငှားလို့ရတယ်။ ဒိုင်ခွက်က ဖုံးနံပါတ်ကို မိမိလက်ကိုင်ဖုံးနဲ့ ခေါ်ဆိုပြီး စက်ဘီးရဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းပေးရပါမယ်။ အဲဒီအခါမှာ စက်ဘီးကို ခတ်ထားတဲ့ အီလက်ထရောနစ်သော့ကို ဖွင့်ဖို့ ဂဏန်းတွဲကို ကုမ္ပဏီက မိမိဖုံးဆီ ပြန်ပို့ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ စက်ဘီးကို စီးပြီး သွားလိုရာကို သွားလို့ရပါပြီ။ ပြန်အပ်မယ်ဆိုရင်တော့ အနီးဆုံးလမ်းဆုံမှာ လမ်းဘေးက စက်ဘီးစတန်း၊ ဒါမှမဟုတ် တန်းတစ်တန်းတန်းမှာ သော့ခေတ်ပြီး စက်ဘီးရဲ့ ဂဏန်းပြတဲ့ ဒိုင်ခွက်မှာ ပေါ်လာတဲ့ ဂဏန်းတွဲရယ် စက်ဘီးထားခဲ့တဲ့ နေရာရယ်ကို လက်ကိုင်ဖုံးကတဆင့် ကုမ္ပဏီဆီကို လှမ်းအကြောင်းကြားလိုက်ရုံပါပဲ။ စက်ဘီးငှားခက တစ်မိနစ်ကို ရှစ်ဆင့်လောက်၊ ဒါမှမဟုတ် တနေကုန် ငှားမယ်ဆိုရင် ၁၅ ယူရိုလောက် ကုန်ကျမယ်လို့ဆိုပါတယ်။
နည်းပညာအချက်အလက်တွေကို ဒီဝက်(ဘ်)ဆိုက်မှာ ဖတ်နိုင်ပါတယ် http://www.ccc.de/hackabike/
ကွန်ပျူတာအကူအညီမပါဘဲ လက်ရေးပန်းချီသက်သက်နဲ့ ဒါရိုက်တာမိယယဇာကိ ဟယအို (Hayao Miyazaki) ဖန်တီးထားတဲ့ ချစ်စရာကောင်းတဲ့ အိမ်နီးချင်း တိုးတိုးရိုခေါ်တဲ့ ဂျပန်ကာတွန်းကားလေးပါ။ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသခဲ့ဘူးပါတယ်။ မူလတန်းကျောင်းသူလေး စဆုခဲ့(Satsuke) နဲ့ ညီမငယ် မဲ့(Mei) တို့ဟာဆေးရုံတက်နေတဲ့ အမေနဲ့ နီးရာ တောရွာကလေးက အိမ်ကို အဖေနဲ့အတူပြောင်းရွှေ့လာတဲ့အခါ အိမ်နားက တောအုပ်ထဲမှာနေတဲ့ တစ္ဆေကြီး တိုးတိုးရိုနဲ့ တွေ့ဆုံသူငယ်ချင်းဖြစ်သွားကြပုံကို စိတ်ဝင်စားဖွယ်၊ ချစ်စဖွယ်ကောင်းအောင် ရိုက်ကူးထားပါတယ်။ စူးစမ်းတတ်တဲ့၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုမရှိရင် အကြောက်အလန့်ကင်းတတ်တဲ့ ကလေးသဘာဝကိုပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ကောင်က အငယ်မလေး မဲ့ပါ။
ပန်းချီ မောင်ငွေထွန်းရဲ့ လက်ရာ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူ ကောက်ကြောင်း ပါ။
ခရစ်တီးနား၏ ကမ္ဘာ
ယင်းပန်းချီကားကို အမေရိကန်ပန်းချီဆရာ အန်ဒရူး ၀ိုက် က ၁၉၄၈ တွင်ရေးဆွဲခဲ့သည်။
၂၀ ရာစုအမေရိကန်ပန်းချီကားများထဲတွင်အလွန်ကျော်ကြားသော ပန်းချီကားတစ်ခုလည်းဖြစ်သည်။
၎င်းပန်းချီကားကို နယူးယောက်ရှိ Museum of Modern Art တွင်ပြသထားသည်။
ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်နေသော ခရစ်တီးနား အိုလဆန်သည် သူမ၏ပန်းခြံမှ ပန်း ခူးရန် ကွင်းပြင်ကျယ်ကိုဖြတ်၍ မိမိကိုယ်ကို ဒရွတ်ဆွဲသွားသည်ကိုရေးဆွဲထားခြင်းဖြစ်သည်။
ပန်းချီကား၏ အရွယ်အစားမှာ 32 × 48 cm ဖြစ်၍ tempera ဖြင့်ရေးဆွဲထားသည်။
http://en.wikipedia.org/wiki/Christina's_World
၁၈၉၃ ခုတွင် နော်ဝေ စိတ်အလျဉ်ခံစားမှုပန်းချီဆရာ(expressionist) အက်(ဒ)ဗက်(ဒ) မင်(ခ်ျ)သည် အော်သံ ပန်းချီကားကို ရေးဆွဲခဲ့သည်။
လူ၏ အတွင်းတည်ရှိမှုအကြောက်တရား၏တိုက်ခိုက်မှုအား မီးတောင်ပေါက်ကွဲမှုကိုအာရုံခံစား၍ရေးဆွဲခဲ့သည်။ ပန်ချီကား၏ မူလအမည်မှာ The Scream of Nature ဖြစ်သည်။
ပန်းချီဆရာ၏ ဒိုင်ယာရီတွင် ပန်းချီကားရေးဆွဲဖြစ်စေသော အကြောင်းကို (၂၂/၀၁/၁၈၉၂) နေ့စွဲဖြင့် ရေးသားခဲ့သည်။
"ကျနော် သူငယ်ချင်းနှစ်ယောက်နဲ့ လမ်းလျှောက်လာတုန်း နေကျချိန်မှာ ရုတ်တရက် ကောင်းကင်ကသွေးနီရောင်ကိုပြောင်းသွားတယ်။
ကျနော် ခဏရပ်ပြီးနားလိုက်တယ်။ လူကမောဟိုက်သွားတယ်၊ခြံစည်းရိုးကိုမီပြီးနားရတယ်။
မီးတောက်မီးညွှန့်တွေက အပြာနက်နက်တောင်ပေါ်နဲ့မြို့ပေါ်မှာလေ။
သူငယ်ချင်းတွေက ဆက်လျှောက်သွားတယ်။
စိုးရိမ်ပူပန်တုန်လှုပ်မှုတွေနဲ့ ကျနော်ရပ်ပြီးနေခဲ့တယ်။
သဘာဝရဲ့ အဆုံးမရှိတဲ့အော်သံကိုကျနော်ခံစားလိုက်ရတယ်။"
အနီရောင်ကောင်းကင်နောက်ခံသည် ၁၈၈၃ ခုနှစ်တွင်ပေါက်ကွဲခဲ့သော ကရာကတိုအ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်နိုင်သည်။
မီးတောင်မှ ထွက်လာသော ပြာများသည် အရှေ့အမေရိကနှင့် ဥရောပ၊အာရှတို့တွင် နိုဝင်ဘာ၊၁၈၈၃ မှ ဖေဖော်ဝါရီ၊၁၈၈၄ ထိ ကောင်းကင်အနီရောင်ကိုဖြစ်စေသည်။
ပန်းချီကားအရှေ့တွင်ရပ်နေသော လူသည်ပန်းချီဆရာကိုယ်တိုင်ဖြစ်နိုင်သည်။
အမှန်စင်စစ်တွင် သူသည်ကိုယ်တိုင်အော်ဟစ်နေခြင်းမဟုတ်ပဲ၊ သဘာဝ၏အော်သံမှ မိမိကိုယ်ကိုကာကွယ်နေခြင်းသာဖြစ်သည်။
လက်နှစ်ဖက်ဖြင့် နားများကိုအုပ်ထားခြင်းဖြင့်
သဘာဝ၏ထိတ်လန့်ဖွယ်တိုက်ခိုက်မှုမှ အကာအကွယ်ရရန် အားထုတ်ရသည်။
ပန်းချီကားရေးဆွဲချိန်တွင် ပန်းချီဆရာ၏ ညီမသည် စိတ်ရောဂါကုဆေးရုံတွင်ကုသနေချိန်ဖြစ်သည်။
http://en.wikipedia.org/wiki/Edvard_Munch
ရွန်မူရက် သည် ၁၉၅၈ ခုနှစ်တွင်မွေးဖွါးပြီး သြစတေးလိယ နိုင်ငံဖွား သဘာဝလွန် ပန်းပုဆရာဖြစ်သည်။
မူရက်သည် အစောဘ၀ပိုင်းတွင် ကလေးများအတွက် ရုပ်မြင်သံကြားနှင့်ရုပ်ရှင်များအတွက် အရုပ်မော်ဒယ်ဆောက်ခြင်းဖြင့် အသက်မွေးခဲ့သည်။
မူရက်၏ ရုပ်ထုများသည် လူကိုယ်ခန္ဓာကိုယ်အား အသေးစိတ်ထုလုပ်ခြင်းဖြစ်သော်လည်း အချိုးအစားအားပြုပြင်ထုလုပ်ထားသည်။
http://www.crazyrussian.com/02/entry_1872.php
http://en.wikipedia.org/wiki/Ron_mueck
Cafe Terrace at Night
ဒတ်(ခ်ျ)ပန်းချီဆရာ ဗင့်ဆင့် ဗန်ဂိုး သည် ၁၈၈၈၊စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊အားလက်(စ်)မြို့၌ ထိုပန်းချီကားအား စတင်ပြသခဲ့ပါသည်။ ဆီဆေးနဲ့ ကင်းဗက်စပေါ်တွင် ရေးဆွဲထားပြီး အရွယ်အစား (32" × 26") ဖြစ်ပါသည်။
ယခုအချိန်တွင် နယ်သာလန်နိုင်ငံ၊ အော့တလိုနိုင်ငံ Kröller-Müller Museum ၌ ပြသထားရှိပါသည်။
ဗန်ဂိုးသည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Cafe တစ်ခုကို အာရုံခံစားရေးဆွဲခဲ့တာဇြစ်ပြီး၊ ယခုအချိန်တွင် ယင်း Cafe Terrace ကို Cafe van Gogh ဟု အမည်ပြောင်းလဲထားပါသည်။
ထိုပန်းချီကားကိုဗန်းဂိုးသည် သူ၏ဟန်ဇြစ်သော အရောင်များ၏နွေးထွေးမှု နှင့်
အနီးအဝေးနိယာမများဖြင့်ရေးဆွဲခဲ့ပါသည်။
ယင်းပန်းချီကားသည် ဗန်ဂိုးက ကြယ်များကိုနောက်ခံထားပြီး ရေးဆွဲသော ပထမဆုံးပန်းချီးကားဇြစ်ပါသည်။
ဂျပန်လူမျိုးတွေဟာ အစားအစာကို အမြင်အာရုံမှာစွဲမက်ဖွယ် စားချင်စဖွယ်ဖြစ်အောင် လှလှပပ ပြင်ဆင်တတ်ကြပါတယ်။ ထမင်းဆုပ်ကိုရေညှိပတ်ပြီး ပင်လယ်စာ၊ အသီးအရွက်၊ မှို၊ ကြက်ဥ၊ အသား တစ်မျိုးမျိုးကို အပေါ်မှာ topping အနေနဲ့၊ ဒါမှမဟုတ် အတွင်းမှ filling အနေနဲ့ ထဲ့ထားတဲ့ စုရှိ (sushi)ဟာ အရသာတော်တော်ကောင်းပါတယ်။(ကိုချစ် တစ်ခါကြီးတောင် စားဘူးလို့ပြောတာပါ)။
Sega Toys ရဲ့ စက်ရုပ်ကြက်လေးတွေပါ။
အိပ်မက်ကြက်(Yume Hiyoko) လေးတွေလို့ခေါ်ပါတယ်။
လက်ဝါးထဲထည့်ထားလို့ရတဲ့ အရွယ်တွေပါ။
လူရဲ့လက်နဲ့ ထိလိုက်လျှင် အသံထွက်လာပြီး၊ အတောင်တွေပါ လှုပ်လာပါလိမ့်မယ်။
ကုလာပဲမှုန့်အား ရေ၊ဆား သင့်တင့်အောင်ထည့်၍ ဒယ်အိုးအပူပေါ်တွင် ပျစ်ခဲလာသည်အထိ မွှေရသည်။
ထို့နောက် အပြန့်ကျယ်သော ပန်းကန်တွင် ထည့်၍ အအေးခံရပါသည်။
အီတလီ အစားအစာတစ်မျိုးဖြစ်ပါသည်။
ခေါက်ဆွဲအလွှာများကြားတွင် ဒိန်ခဲ၊ အသားစင်းကော၊ ခရမ်းချဉ်သီးအနှစ်များဖြင့် ပြင်ဆင်၍
ဖုတ်ထားသော စားဖွယ်တစ်မျိုးဖြစ်ပါသည်။
© Blogger templates Shiny by Ourblogtemplates.com 2008
Back to TOP