Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Jokes From RD

>> Saturday, September 13, 2008





ဒီလို လိုချင်ရင် ဒါမျိုး လုပ်ရတယ်

ရေပိုက်ပြင်သမားက ဆရာဝန်တစ်ယောက်အိမ်မှာ ရေပိုက်ကိုပြင်ပြီးတော့ ဒေါ်လာ ၁၀၀၀ ကျသင့်ကြောင်း တောင်းလိုက်ပါတယ်။
- "ခင်ဗျားအလုပ်က ကောင်းလိုက်တာဗျာ၊ ကျနော့်ဘဝမှာ ဆေးကုတာ အဲသလောက် တခါမှ မတောင်းဖူးသေးဘူး"
ရေပိုက်ပြင်သမားက ဆရာဝန်အား ပြန်ပြောလိုက်လေသည်။
- "ကျနော်ဆရာဝန်လုပ်တုန်းကလည်း အဲသလောက်တခါမှာ မတောင်းဖူးဘူးဗျ။"


စာနာစမ်းပါ

တိရိစ္ဆာန်ဥယျာဉ်တွင် လှောင်ချိုင့်တစ်ခု လွတ်နေသည်ကို တွေ့သောအခါ အလည်လာသူတစ်ယောက်က မေးလေသည်။
- "ဒီလှောင်ချိုင့်ထဲက မျောက်တွေအားလုံး ဘယ်ရောက်ကုန်တာလဲဗျ။"
- "မိတ်လိုက်တဲ့ ရာသီဆိုတော့ သူတို့တွေက အတွင်းဖက်ထဲ ရောက်နေကြတယ်။" ဟု အစောင့်မှ ပြန်ပြောလေသည်။
- "မြေပဲဆံပစ်ကျွေးလိုက်ရင် သူတို့ထွက်လာလောက်သလားဗျ။"
- "ခင်ဗျားဆိုရင်ရော ထွက်လာမှာမိုလို့လားဗျာ။"

ဒါလေးလောက်တော့ သိတာပေါ့

ကျမစာတိုက်အတွင်းသို့ ဝင်လိုက်သောအခါ စာပို့သမားအမျိုးသမီးက ကျမနားတွင်ပန်ထားသော နားကပ်ကို မြင်သောအခါ ပြောလေသည်။
- "ဒီနားကပ်က စိန်တွေက အစစ်တွေပဲ။"
- "ဟုတ်တယ် အစစ်တွေပေါ့။ ရှင်ဘယ်လိုလုပ်ပြီး စိန်အစစ်မှန်း သိပါလိမ့်။"
- " အင်း သိတာပေါ့ ဘယ်သူကမှ စိန်အတုဆိုရင် ဒီလောက်သေးသေးလေးကို မဝယ်ဘူးလေ။"

အံ့သြသွားစေရမယ်

ကျမခင်ပွန်း နိုင်ငံခြားတွင် နေစဉ် လေးနှစ်အရွယ် သမီးလေးက မောင်ငယ်လေးတစ်ယောက် လိုချင်ကြောင်း ပြောလေသည်။
- "ဟုတ်တယ် သမီး၊ ဒါပေမယ့် ဖေဖေပြန်လာမှ သမီးကို မွေးပေးမယ်နော်"
သို့သော်လည်း သမီးလေးတွင် ပိုကောင်းသော အကြံဉာဏ်ရှိနေလေသည်။
- " ဖေဖေပြန်လာရင် တခါတည်း အံ့သြသွားအောင် အခု မွေးထားမယ်လေ။"

Read more...

one million kiss

>> Monday, August 25, 2008

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

Read more...

လေထီးသမားလေးယောက်

>> Monday, July 7, 2008



လေယာဉ်မောင်းသမားတစ်ယောက်နဲ့ ခရီးသည်လေးယောက် လေယာဉ်တစ်စီးနဲ့ ခရီးထွက်ခဲ့ကြတယ်။ ခရီးသည်လေးယောက်က ဘယ်သူတွေလဲဆိုတော့ အမေရိကန် သမ္မတ၊ ယူနီဗာစတီက ပါမောက္ခ၊ အဖိုးအိုတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်။ လေယာဉ်ပျံသန်းချိန် မိနစ်နှစ်ဆယ်ခန့်မှာပဲ ရုတ်တရက် လေယာဉ်က စက်ချို့ယွင်းသွားပါတယ်။ အဲဒီအခါမှာတော့…
လေယာဉ်မှူး။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော်တို့ ငါးယောက်အတွက် လေးထီးက လေးခုပဲရှိတယ်။ ပြောရင်းဆိုရင်းပဲ လေယာဉ်မှူးက လေးထီးတစ်ခုကိုယူပြီး အလျှင်အမြန်ခုန်ထွက်သွားပါတယ်။
သမ္မတ။ ။ ကျုပ်က အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးဆုံးလူသားဗျ။ ကျုပ်အသက်ရှင်မှ ဖြစ်မယ်… ဒီတော့ ကျန်တဲ့ လေထီးထဲက တစ်ခုကိုယူပြီး ခုန်ဆင်းမယ်ဗျာ။
ပါမောက္ခ။ ။ ကျုပ်က အမေရိကန်မှာ ဥာဏ်ထက်မြက်ပြီး အတွေးအခေါ်ကောင်းဆုံဲး။ ကျုပ်အသက်ရှင်မှကိုဖြစ်မှာ။ ကဲ လေထီးတစ်ခုကို ယူပြီးဆင်းပြီဗျို့။
လေးထီး တစ်ခုပဲကျန်ပါတော့တယ်… အဲဒီအခါ…
အဖိုးအို။ ။ ကဲ မောင်ကျောင်းသား..လူကလေး..ငါက အသက်ကြီးပါပြီကွာ… ဘ၀ကိုလဲ ပျော်ပျော်ရွှုင်ရွှင်နဲ့ နေခဲ့ပြီးပြီ… သေမယ်ဆို အဖိုးက သေပျော်ပြီကွ။ ကဲ… ဒီကျန်တဲ့တစ်ခုကို ယူပြီး မင်းခုန်ဆင်းပေတော့။
ကျောင်းသား။ ။ ကောင်းပါပြီ အဖိုး။ ဒါပေမယ့် ကျွန်တော့ဆီမှာ လေထီးနှစ်ခု ကျန်နေသေးတယ်။
အဖိုးအို။ ။ ဟေ… မဖြစ်နိုင်ဘူး။ လေယာဉ်မှူးက ငါတို့ငါးယောက်အတွက် လေထီးလေးခုပဲပါတာလို့ ပြောတာ ငါကြားလိုက်တယ်။ အဖိုး နားမလေးသေးပါဘူးကွ။
ကျောင်းသား။ ။ အဖိုးပြောတာ မှန်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ဥာဏ်ပညာအထက်ဆုံး ပါမောက္ခကြီးက လေထီးကိုမယူပဲ ကျွန်တော့်ကျောပိုးအိပ်ကို ယူပြီး ခုန်ဆင်းသွားတယ်။

P.S. မရယ်ရလဲ ကိုယ့်ဘာသာ ကလိထိုးရယ်ပါဗျို့... :P

Read more...

ဆံသဆိုင်

>> Tuesday, January 15, 2008


ကိုလူသွေးတစ်ယောက် ရူပါတင်ပို့ဆိုပြီး သမိုင်းလမ်းဆုံမှာရှိတဲ့ ဆံသဆိုင်ရှိရာကို ထွက်လာခဲ့တယ်။ ကိုလူသွေး အဲဒီဆံသဆိုင်ကိုသွားချင်နေတာကြာပီ။ ရောက်ဖူးတဲ့ သူငယ်ချင်းတွေက ကိုလူသွေးကို ဒီလိုပြောကြတာကိုး… အဲဒီဆိုင်က ခေတ်မီတယ်၊ ကိုယ်လိုချင်တဲ့ဆံပင်ပုံစံကိုပြောလိုက် စိတ်ရှည်ရှည်နဲ့ ညှပ်ပေးတယ်၊ တစ်ခါတစ်လေ ကောင်မလေးတွေက ဆံသပေးတယ် စသည်ဖြင့်စုံလို့ပေါ့ဗျာ။ မူလရည်ရွယ်ထားတာကတော့ ဆံပင်ညှပ်ယုံပါပဲ။ ဆံသဆိုင်ရောက်တော့ လက်သည်းခြေသည်းပါ ပြုပြင်ပေးတယ်ဆိုတော့ ကိုလူသွေး လက်ချောင်းခြေချောင်းလေတွေကို ကြည့်လိုက်တယ်။ ဟာ… လက်သည်းခြေသည်းတွေ ရှည်နေပါ့လား။ အင်း… တစ်ခါတည်း လက်သည်းခြေသည်းတွေပါ ပြုပြင်သွားမယ်လို့ စဉ်းစားမိတာပေါ့။ ကိုလူသွေးကို လူငယ်က ဆံသပေးတယ်။ ကောင်မလေးတစ်ယောက်က လက်သည်းခြေသည်း ပြုပြင်ပေးတယ်။ ဟဲဟဲ… ကိုလူသွေး ကောင်မလေးကို သဘောကျသွားတယ်။ ပြီးတော့ ကောင်မလေးကို တစ်နေရာရာမှာ ချိန်းပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ကိုလူသွေး။ ။ မိန်းကလေး ခင်ဗျားနာမည်လေးပြောပြလို့ရမလား။
မိန်းကလေး။ ။ ကျွန်မနာမည် မဏီစန္ဒာပါရှင်။
ကိုလူသွေး။ ။ အင်း ငါ့နာမည်… ကျန်စစ်သားလို့ပြောင်းရရင်ကောင်းမလား… စိတ်ထဲမှာ စဉ်းစားနေတာ… မဏီစန္ဒာ ဒီညအချိန်ရရင် ကျွန်တော် ညစာ ဖိတ်ကျွေးချင်လို့ပါ။ တစ်နေရာရာမှာပေါ့ဗျာ။
မိန်းကလေး။ ။ အို… ကျေးဇူးတင်ပါတယ်…. ဒါပေမယ့် ၀မ်းနည်းပါတယ်ရှင်… ကျွန်မ ရှင်နဲ့အတူ ညစာ မစားနိုင်ပါဘူး… ကျွန်မမှာ ချစ်သူရှိတယ်။ ကျွန်မချစ်သူ သိသွားရင် စိတ်ဆိုးမှာပေါ့ရှင်။
ကိုလူသွေး။ ။ ဟာ… ခင်ဗျား ကျွန်တော်နဲ့ ညစာ စားလို့ရပါတယ်… ပြဿနာမရှိပါဘူး… ခင်ဗျား ချစ်သူဆီကို ဖုန်းဆက်ပြောလိုက်ပေါ့ … ဒီည ကျွန်မ သူငယ်ချင်းကောင်မလေးတစ်ယောက်နဲ့ ညစာ အတူသွားစားမယ်လို့။
မိန်းကလေး။ ။ ကျွန်မချစ်သူဆိုတာက အခု ရှင့်ကို ဆံပင်သပေးနေတဲ့သူ။ သူ့ကို ရှင်ကိုယ်တိုင်ပဲ ပြောလိုက်ပေတော့။

Read more...

အလုပ်အကိုင်

>> Friday, January 11, 2008


ယောင်္ကျားဖြစ်သူ မှာ မြို့ထဲကနေပြန်လာပြီး ၀မ်းသာအားရနဲ့ အိမ်ထဲကို ပြေးဝင်လာတယ်။ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဇနီးဖြစ်သူကို ခေါ်လိုက်ပြီး…

ယောကျာင်္း။ ။ ငါ ဒီနေ့ တော်တော်ကောင်းတဲ့ အလုပ်သစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အလုပ်က နံနက် ရှစ်နာရီကနေ ညနေ ငါးနာရီ အထိလုပ်ရမှာ။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကော်ဖီ တိုက်မယ်။ နေ့လယ်စာ စားချိန်ကို တစ်နာရီပေးထားတယ်။ လုပ်ခကလည်း တော်တောများများရမှာ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အခမဲ့ကွ။ ပြီးတော့ အားလပ်ရက်ကို သုံးပတ်ပေးထားတယ်။ အဲဒီအလုပ်ကို လက်ခံသင့်တယ်မဟုတ်လား….မင်းဘယ်လိုထင်လဲ။

ဇနီး။ ။ အိုး… တော်တော်ကောင်းတဲ့အလုပ်ပါပဲ… လက်ခံသင့်တာပေါ့။ ရှင် ဒီလိုအလုပ်ကို ရှာတွေ့ခဲ့တာ ကျွန်မဖြင့် အရမ်းပျော်တာပဲ။

ယောင်္ကျား။ ။ ကောင်းပြီ…. မင်းလက်ခံတယ်ဆိုရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ။

Read more...

လပတ်စာမေးပွဲ

>> Thursday, January 3, 2008


ကျောင်းသာတစ်ယောက် လပတ်စာမေးပွဲမှာ သူ့ရဲ့ရမှတ်က သုညဖြစ်နေတယ်။ ဒါနဲ့ အတန်းပိုင်ဆရာမဆီကိုသွားပြီး သူ့ရဲ့ရမှတ်နဲ့ပတ်သက်ပြီး မေးတာပေါ့…
ကျောင်းသား။ ။ ဆရာမခင်ဗျား ကျွန်တော်ရဲ့အဖြေလွှာမှာ သုညပေးထားတာ ဘာလို့ပါလဲ။ ကျွန်တော့် အဖြေတွေအားလုံးမှာ အမှားတစ်ခုမှ မပါပါဘူး။
ဆရာမ။ ။ ဟုတ်တယ်…မင်းအဖြေတွေအားလုံးမှန်ပါတယ်….ဒါပေမယ့် မင်းက ကိုယ်တိုင်မဖြေပဲ မေရီဆီကနေ ကူးချထားတယ်ကွ။
ကျောင်းသား။ ။ အဲဒါ အမှန်ပါပဲ… ဆရာမ ဘယ်လိုသိတာလဲ။

ဆရာမ။ ။ အိုး….သိတာပေါ့ကွ… မင်းရဲ့အဖြေတွေနဲ့ မေရီရဲ့အဖြေတွေအားလုံးနီးပါးက အတူတူပဲလေ။ ဒါပေမယ် နံပါတ်ခုနှစ်က အဖြေပဲ မင်းတို့နှစ်ယောက်မတူကြတာ။ နံပါခုနှစ်ရဲ့အဖြေကို မေရီက…”ကျွန်မ မသိပါဘူး” လို့ဖြေထားတယ်။ မင်းကကြတော့ ”ကျွန်တော်လဲပဲ မသိပါဘူး” လို့ဖြေထားတယ်။


မောင်လုံး

Read more...

မှတ်ဥာဏ်မကောင်းပုံ

>> Sunday, December 9, 2007


အမျိုးသမီးတစ်ယောက် ပစ္စည်းတစ်ခုခုကို အသုံးပြုပြီးလျှင် ဘယ်နေရာကိုထားရှိမိမှန်းမသိသဖြင့် မိမိ၏မှတ်ဥာဏ် ပြဿနာနှင့်ပတ်သက်လို့ ဆရာဝန်နှင့်တိုင်ပင်ရန် ဆေးခန်းသို့သွားလေ၏။
အမျိုးသမီး။ ။ ဒေါက်တာ ကျွန်မမှာ မှတ်ဥာဏ်နှင့်ပတ်သက်လို့ အခက်အခဲရှိနေပါတယ်။ ဥပမာ ဒေါက်တာရယ်… ကျွန်မ ကားယူလာတဲ့အခါ ကားကိုတစ်နေရာရာမှာရပ်ထားခဲ့တယ်၊ ပြီးတော့ ကျွန်မ ကားကိုပြန်ရှာတော့ ဘယ်ကားဟာ ကျွန်မရဲ့ကားဆိုတာ မမှတ်မိဘူး။ နောက်တစ်ခုက ကျွန်မ မျက်မှန်ကို တစ်နေရာရာမှာထားပြီးရင် ဘယ်နေရာမှာထားမိမှန်း မမှတ်မိလို့ ရှာမတွေ့ဘူး။ နောက်တစ်မျိုးက ကျွန်မရဲ့ကလေးကို တစ်နေရာရာမှာ ထားခဲ့တယ်… နောက်မိနစ်အနည်းငယ်ကြာတော့ ပြန်ရှာတော့ ဘယ်နေရာမှာ ထားခဲ့မိမှန်း မသိတော့ဘူး။
ဒေါက်တာ။ ။ အင်း… ရှင်ရဲ့ရောဂါက တော်တော်ဆိုးနေပြီပဲ။ ဒီသုံးမျိုးတည်းပဲလား… နောက်ထပ်ပြဿနာတွေရှိရင်ပြောပအုံး… မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်လို့ပေါ့။
အမျိုးသမီး။ ။ မှတ်ဥာဏ်မကောင်းတာနဲ့ပတ်သက်တဲ့ပြဿနာ… ဟုတ်လားဒေါက်တာ… ကျွန်မ စောစာက ဘယ်လိုပြဿနာတွေကို ပြောခဲ့မိလို့လဲ ဒေါက်တာ။

Read more...

လေထီးသမား

>> Tuesday, November 27, 2007


လူငယ်တစ်ယောက်က သည်းထိတ်ရင်ဖိုအားကစားနည်းတစ်မျိုးကို ကစားချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးတော့ တစ်နေ့ကျရင်တော့ အောင်မြင်ကျော်ကြားတဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ဒါကြောင့် လေထီးအရောင်းဆိုင်ကို သွားပြီး လေထီးတစ်ခုဝယ်ခဲ့တယ်။ နောက်တစ်နေ့ သူငယ်ချင်းတွေနဲ့ဆုံတော့
လူငယ်။ ။ငါ အောင်မြင်တဲ့ လေထီးခုန်သမားတစ်ယောက်ဖြစ်ပို့ ကြိုးစားနေတယ်ကွ…
သူငယ်ချင်းများ။ ။ ဟေ့ကောင်… လူကြီးတွေကို စိတ်ပူအောင် မလုပ်ပါနဲ့ကွာ… လေထီးခုန်တယ်ဆိုတာ အရမ်းအန္တရာယ်များတယ်ကွ… တကယ်လို့ လေထီးကမပွင့်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲကွ…

လူငယ်။ ။ ဟာကွာ… မင်းတို့ကလည်းညံ့ပကွာ… လေထီးမပွင့်ဖူးဆိုရင် အဲဒီလေထီးကို ဆိုင်ကိုပြန်ပေးမယ်… ဟဲဟဲ… ပြီးတော့ ငါ့ပိုက်ဆံကိုပြန်တောင်းမှာပေါ့ကွ။

Read more...

မွေးနေ့လက်ဆောင်

>> Monday, November 26, 2007


ချမ်းသာတဲ့ မိန်းမကြီးတစ်ယေက် ကော်ဖီသောက်ရင်း သူ့အမေအကြောင်းကို စဉ်းစားနေတယ်။ ဒီနေ့က မိခင်ကြီးရဲ့မွေးနေ့ပဲ။ ဒီတော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေးပို့ရဦးမယ်ပေါ့။ ဒါနဲ့ပဲ အိမ်မွေး တိရစ္ဆာန်ရောင်းတဲ့ဆိုင်ကို သွားခဲ့တယ်။ ဘယ်လိုတိရစ္ဆာန်လေးတွေကို ၀ယ်ပေးရရင်ကောင်းမလဲဆိုပြီး ဆိုင်အနှံ့လိုက်ကြည့်နေရင်း အလွန်လှပတဲ့ ငှက်ကလေးတစ်ကောင်ကို တွေ့ခဲ့တယ်။ အဲဒီငှက်ကလေးက သီချင်းဆိုတတ်တယ်၊ ဘာသာစကား ခုနှစ်မျိုးပြောနိုင်တယ်။ ဒီတော့ သူ့အမေအတွက် အကောင်းဆုံးလက်ဆောင်ပဲဆိုပြီး ငှက်ကလေးကို ဒေါ်လာငါးထောင်နဲ့ ၀ယ်ခဲ့တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ငှက်ကလေးကို ရေချိုးပေးတယ်၊ ပြီးတော့ မိခင်ဆီကို ပို့လိုက်တယ်။ နောက်တစ်နေ့ကြတော့ မိခင်ဆီကို တယ်လီဖုန်းဆက်တာပေါ့…
သမီး။ ။ မေမေ သမီးပို့လိုက်တဲ့ ငှက်ကလေးကို သဘောကျရဲ့လား။
မိခင်။ ။ အင်း… သဘောကျတယ်… ငါအခု ဒီငှက်ကိုကြော်စားနေတာ… ငှက်ကလေးရဲ့အသားက တော်တော်ကောင်းတယ်တဲ့။

Read more...

ရယ်စရာ မောစရာ

>> Saturday, October 20, 2007









Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP