Showing posts with label ကိုယ်တိုင်ရေးကဗျာများ. Show all posts
Showing posts with label ကိုယ်တိုင်ရေးကဗျာများ. Show all posts

“ဒီဇင်ဘာ နေပါဦး... ”

>> Thursday, December 25, 2008

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

Read more...

ကပါရစေ…

>> Tuesday, December 9, 2008


ဒီအရပ်နဲ့ ဒီဇာတ်မှာ
မင်းသားလုပ်ပါရစေ…

မဆိုတတ် မကတတ် အရပ်ပျက်
ဇာတ်သံထွက်တယ်ဆိုလို့
အသံပြဲနဲ့အော် တတ်တာတခုရယ်…

ဟန်ကိုယ့်ဖို့ ရင်ကိုကော့လို့
လက်ကလေး ရမ်းကာ ရမ်းကာ
ဟန်ပါပါနေတတ်တာရယ်…

ဇာတ်ထောက် အကူသမား
ရှားနေသလား…
လာထား ညီလေး
လက်တို့လှမ်းခေါ်
အဲဒီအရပ်မှာ အရမ်းပေါတယ်
မင်းတလှည့် ငါတလှည့်..
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…

ဒီဇာတ် မပျက်
ခံနိုင်ရိုးလား ပရိတ်သတ်ရယ်..
အဆို မရ
အငို မပိုင်
ဘယ်သူတွေ ကြာကြာထိုင်ကြည့်နိုင်မှာလဲ။

ဒါပေမယ့်လေ ကပါရစေ
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…


Read more...

ပဲ့ပဲ့

>> Thursday, November 20, 2008


ညီလေး ပဲ့ပဲ့
အကိုကြီး ပဲ့ပဲ့
ဆရာကြီး ပဲ့ပဲ့
တပည့်ကြီး ပဲ့ပဲ့
အပဲ့ သံသရာ
အပဲ့ ဒီကမ္ဘာမှာ
အပဲ့များစွာ နေကြလေသတည်း။

ငါပဲ့နေလည်း
သူသိသားပဲ
သူပဲ့နေလည်း
ငါသိသားပဲ
သို့သော်ပေငြား
ငါပဲ့တာကို
သူမသိသလို
သူပဲ့တာကို
ငါမသိသလို
ဟန်ဆောင် ပဲ့ကြပါလေသည်။

ဤသို့ဖြင့်…
ပဲ့ခြင်းကမ္ဘာ
ပဲ့ဒေသမှာ
ပဲ့ခြင်းတေးသံ
ပဲ့ညံနေလျက်
ပဲ့ခြင်း ရွဲ့ခြင်း
ထုံထုံသင်း၍
နှစ်ပေါင်းများစွာ
အပဲ့သံသရာ
ပဲ့ကာ ပဲ့ကာ လည်တော့သည်။

Read more...

အဆုံးများစွာ ရဲ့ ရင်ခွင်

>> Wednesday, November 19, 2008

ဒီရင်ခွင်ဟာ..
ကိုယ့်ဘဝရဲ့
ပထမဦးဆုံး ရင်ခွင်ဖြစ်သလို
ဘဝအဆုံးထိ
နောက်ဆုံးခိုလှုံသွားမဲ့
အတွယ်တာဆုံးရင်ခွင်..ဖြစ်တယ်။
ဒီရင်ခွင်မှာ
အမြတ်နိုးဆုံးတွေကို
အနွေးထွေးဆုံး မြှူပ်နှံ
ရင်ခုံသံတွေ အဆုံးမှာ
အမုန်းတွေလည်း
ပြိုလဲကျဆုံးသွားခဲ့။
ဒီရင်ခွင်မှာ
အဆိုးရွားဆုံး ..ဆိုတာတွေ
ကြုံတွေ့လာခဲ့ရင်
အရှုံးကျိန်စာသင့်သူလို့သာ
ကိုယ့်ကိုကိုယ်ယူဆ
မည်သူ့ကိုမှ
တုံ့မယူလို ပါ။
……
ဒီရင်ခွင်ကနေပဲ
မဂ်လမ်းဆုံးဆီကိုသွားဖို့
အဆုံးမရှိတဲ့
သံသရာမှာ
ခဏသာကျင်လည်မယ်လေ။

Read more...

နှုတ်ဆက်ချိန်

>> Friday, October 17, 2008

ဝါကျင့်ကျင့်အရွက်လေးတွေ
ညှာတံထက်ဆီတွဲခိုရင်း
သံယောဇဉ်မပြတ်နိုင်သေး
မြဲနိုင်သလောက်မြဲထားတယ်။

လေပြေတစ်ချက်အဝေ့မှာ
ညှာတံရွက်ကျောမျှင်လေးတွေပြတ်တောက်
သွေးတစ်ပေါက်ပေါက်ကျနိုင်မှန်းသိရက်
မခွဲနိုင်သေးတဲ့ဒီအနှောင်တွေက
ရွက်ဝါတွေမြေမှာခဖို့ကို
စိုးရွံ့နေမိကြတယ်လေ။

ဟူး……..
ရက်စက်လိုက်တာ လေပြေကြမ်းရယ်
ဆောင်းကုန်ကစခဲ့တဲ့
ရော်ရွက်ဝါနဲ့ ညှာတံလေးတို့ရဲ့ချစ်ခြင်း
မင်းမသိလေရော့သလား….
တကယ်ပဲ မင်းမသိလေရော့သလားကွာ။

ဖလပ်…ဖလပ်…
ကြွေသွားပြီ…
တကယ်ကြွေလွင့်သွားပြီ
ကြည့်စမ်းပါဦး၊ ကြည့်ကြစမ်းပါဦးဗျာ
မြေပြင်ထက်မှာ
ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်ဖုံနဲ့
မြေခကြွေကျရတဲ့ ရွက်ဝါလေးတို့ရဲ့ဘဝ
ဆိုးရွားလှပါလားနော်။

အဝါရောင်အမှိုက်သိမ်းကားကြီးရဲ့
ကြမ်းရှရှလက်တံကြီးတွေက
ဝိညာဉ်မဲ့ ရော်ရွက်ဝါတွေကို
သိမ်းဆည်းသဂြိုင်္လ်လိုက်ကြပြီ။

နောက်ဘဝ…
ဟုတ်တယ် မြေဆီလွှာအဖြစ်နဲ့နောက်ဘဝမှာတော့
ရိုးတံလေးအသက်ဆက်ဖို့
ငါတို့သွေးသားတွေနဲ့ထပ်လောင်းပေါင်းသင်နေဦးမှာပါ။

Read more...

အော်ခေါ်တော့ သူရှိမနေဘူး

>> Thursday, August 28, 2008



အော်ခေါ်တော့ သူရှိမနေဘူး

လွမ်းတမ်းတမ်းရှိတာနဲ့ အတိတ်ခလုတ်ကို အသာနှိပ်
အိပ်ယာပေါ်မှာ တိတ်တိတ်လေးလုပ်နေ
အတူသွား၊ အတူလာ
ငွေရောင်ပိတ်ကားပေါ်က အပြုံးပန်းနှစ်ပွင့်
အားပါး…"ဖတ်"
ခြင်ကိုက်လို့ရိုက်လိုက်တာ
ဇာတ်လမ်းကောင်းရင် သူလာလာနှောက်ယှက်တတ်တယ်။
ဘယ်သူ့မှကိုကြိုပြောမထားဘူး
ကိုယ်ဟာကို ရင်ဘတ်ကြီးကို မွမ်းမံ
တကယ်တမ်းတော့ ကြည့်လို့မလှဘူးရယ်၊
ဒါပေမယ့် မျက်စိမှိတ်လို့ စိတ်ကူးယဉ်လိုက်တာနဲ့
ရိုမီယို ဂျူးလိယက် သူတို့ထက်သာတယ်
ခွင့်ပြုပေးပါ၊
ဒီတခါတင်မဟုတ်ဘူးနော်
လိုသလိုထပ်မက်မှာ ဒီအလွမ်းဇာတ်က
ယောင်ယောင်ဖက်၊ အော်အော်ခေါ်
အရူးတစ်ယောက်လိုပါပဲနော်
ဒါပေမယ့်လေ ငါ့ဘေးမှာ သူရှိမနေ
သူနေတာက ငါ့အသည်းထဲ
ကဲ အော်ခေါ်တော့လည်း သူရှိမနေဘူးရယ်လို့ ပြောဦးမလား။


Read more...

အချစ်ဆုံးသို့...

>> Wednesday, July 2, 2008

Read more...

သူဆိုသောမိန်းကလေး

>> Saturday, June 28, 2008

တိုးတိုးလေး…
ဒါပေမယ့် ဟိုး..အနက်ရှိုင်းဆုံးထိ
အဲဒါသူ့အသံလေးပေါ့။
ဖွဖွလေး…
ဒါပေမယ့် အထိရောက်ဆုံးကျူးကျော်မှု
အဲဒါသူ့အနမ်းလေးပေါ့။
အညင်သာဆုံး…
ဒါပေမယ့် အားလုံးကိုသိမ်းကျုံးယူငင်သွားတယ်
အဲဒါသူ့အထိအတွေ့လေးပေါ့။
အနူးညံ့ဆုံး…
ဒါပေမယ့်အရာအားလုံးထက်သာတယ်
အဲဒါသူ့စကားလုံးတွေပေါ့။
အမြတ်နိုးဆုံး
အားလုံးနဲ့မလဲနိုင်တယ်
အဲဒါ ကျွန်တော့်ရဲ့ “သူ”ဆိုသောမိန်းကလေး။ ။

Read more...

သုံးရာသီ

>> Saturday, April 19, 2008


ရင်ခွင်ဗလာဟင်းမှာ
လာပွင့်တဲ့ပန်းတစ်ပွင့်
အနမ်းခံမသင့်ပဲ
လေအဝှေ့မှာ
ရင်နင့်စွာကြွေကျခဲ့ဖူးတယ်။

ကြင်သူသက်ထား
ခွဲရက်ကြာရှည်
ဝေးကာနေတော့
နမ်းခဲ့သမျှ
လွမ်းဒဏ်သင့်ကာ
ဟိုးဝေးရာဆီ ပြေးထွက်သွားခဲ့ဖူးတယ်။

ရောက်ခဲ့ပြန်ပေါ့
နွေဦးပေါက်ရာသီလေး
ရွက်စိမ်းနုနုအချစ်ဖူးလေးတွေနဲ့အတူ
နောက်ဆုံး…..
ဆောင်းနှင်းရွက်ကြွေ
နှုတ်ဆက်နှင်းစက်တွေနဲ့
ထားခဲ့လေဦးမလား။ ။

မောင်ဖြူ

Read more...

နှစ်သစ်

>> Sunday, December 30, 2007



နှင်းမှုန်နှင်းမွှား ပါးလျလျလိမ်းကျံ
ချမ်းလှ၊အေးလှတဲ့ဟော..ဒီဇင်ဘာ
သူ့တံခါးဝမှာ မတ်မတ်ရပ်
နှစ်ဟောင်းကို လက်ပြနှုတ်ဆက်
နှစ်သစ်ကို ကြိုဆို။

ကဲ...ချစ်သူ
အပြုံးနုတချက်...အားဆေးတခွက်ပဲ
ဖေးမမဲ့လက်နှစ်ဖက်..တစ်သက်တာအတွက်ပေါ့..
အချစ်ဆီ ခြေလှမ်း ..လက်တစ်ကမ်းတောင် မဝေးနေချင်ဘူး။

ပျံသန်းမယ် အဝေးနှစ်....
ဒီနှစ်ကုန်ရင် နောက်နှစ်
ဆက်ပြီးတံတားခင်းမယ်...
မဝေးဘူး နှစ်ယောက်ပန်းတိုင်...
မယိုင်မလဲ ရောက်အောင်သွားကြမယ်။

31-12-07
Monday


Read more...

ညီမလေးရေ…..

>> Wednesday, December 19, 2007

ညီမလေးရေ
သူတို့ နဲ့ ဒို့ အကြား
တံခါးလေးတစ်ချပ်သာ
အမှတ်သညာမပါလဲ
မှော်ဆရာတံခါးဟာ
မှော်ဆရာတံခါးပါပဲ
ဖွေးသလားဖြူသလားသိပေမဲ့ 
မွှေးသလား ကြူသလားမသိ
…… .မသိ
………မသိ
မသိတာတွေကို
ညှိရအောင်လဲ
အထဲကိုဘယ်လိုဝင်
အပြင်ကိုဘယ်လိုထွက်
ခဲခက်ခြင်းရဲ့ သံသရာ..။
ဒီတော့
အဆိပ်လူးတဲ့ပန်းတွေ
ရနံ့ မသင်းတဲ့ပန်းတွေ
မာယာများတဲ့ပန်းတွေ
ပန်းမဟုတ်ပဲ
ပန်းယောင်ဆောင်တဲ့ပန်းတွေကို
ချန်ပစ်ပြီး
ပန်းခင်းသစ်ဆီသွားရအောင်
ညီမလေးရေ ငေးမနေပါနဲ့ ညီမလေးရေငေးမနေပါနဲ့ ကွယ်။

မေအောင်

Read more...

တူလေး မောင်ရွှေသွေး

>> Thursday, December 13, 2007


ကျနော်တူလေး မောင်ရွှေသွေး
အသားလေးက ဖွေး
အသားဖွေးတဲ့ ရွှေသွေးငယ်
နဖူးလေးက ကျယ်
နဖူးကျယ်တော့ ဥာဏ်ထက်မြက်
ပညာရှိလို့မှတ်။

azo ရေးသည်။

Read more...

စိတ်ကူးချိုချို၊ အနာဂတ်ခါးခါး

>> Sunday, November 18, 2007



မောင်ဖြူ

Read more...

ဒိုင်ယာရီ (သို့) ဒဏ္ဌာရီ

>> Saturday, November 3, 2007


- အားလပ်ရက်များထဲမှ ဖဲ့ထုတ်ယူငင်သွားခဲ့သောအချိန်များ
- ညဥ့်နက်သန်းခေါင်ယံများထဲမှ အိပ်မက်ကမ္ဘာထိတိုင် လွှမ်းမိုးအနိုင်ယူသွားခဲ့သော ကျူးကျော်မှုများ
- အပျင်းပြေဝါးထွေးခဲ့သောကွမ်းယာများအား အသည်းနှလုံးပုံချိုချဉ်များနှင့် အစားထိုးခံခဲ့ရမှုများ
- အဝင်မှာခါး၍ မြိုချလျင်မူးတတ်သော်လည်း၊ အပေါင်းအသင်းစုံလျင်သောက်ဖြစ်ခဲ့သော ယမကာများအား၊ စတစ်ကာရောင်စုံအနားသတ်အချိုဗူးများဖြင့် သွေးဆောင်ဖျားယောင်းခဲ့မှုများ
- ရေမွှေးနံ့မပြယ်သေးသည့် ပန်းနုရောင်ပို့စ်ကဒ်များပေါ်မှ၊ တန်ဖိုးစုံတံဆိပ်ခေါင်းများ
- ဟောင်းနွမ်းရိယော်နေပြီဖြစ်သော်လည်း၊ အချိန်နှင့်ရက်စွဲကို အတိအကျမှတ်ပေးထားသော ရုပ်ရှင်လက်မှတ်များ
- အပေါင်းလက္ခဏာပါသော လူနှစ်ယောက်၏ အလှူခံဖြတ်ပိုင်းစများ
- အရောင်ပြယ်လွင့်နေပြီဖြစ်သော်လည်း မကြာခဏထုတ်နမ်းခဲ့ဖူးသော တစ်ရှူးစလေးများပေါ်မှ ရေစိုခံနှုတ်ခမ်းနီရာလေးများ
- မှတ်စုစာအုပ်အချို့၏ ပထမဆုံးစာမျက်နှာမှ ဝိုင်းစက်သောလက်ရေးများနှင့် အနုပညာဆန်သောလက်မှတ်များ
- ရပ်နေပြီဖြစ်သော်လည်း တစ်နေ့လျင်နှစ်ကြိမ်တော့မှန်နေသေးသည့် အမျိုးသမီးလက်ပတ်နာရီဟောင်းလေးတစ်လုံး
- တယ်လီဖုန်းနံပါတ်အချို့…
- ဆံနွယ်စရှည်ရှည်လေးတွေ …
- ရယ်သံလွင်လွင်လေး …
- မာယာမပါသောအပြုံး …
- ကိုယ်သင်းနံ့ဖျော့ဖျော့လေး …
- နောက်ဆုံး……..မာဆတ်ဆတ်နဲ့ပြောလိုက်တယ်….
- နင့်ကိုငါအမုန်းဆုံးတဲ့….
- အဲဒါဒိုင်ယာရီရဲ့အဆုံး။ ။

မောင်ဖြူ

Read more...

ကောင်မလေးရေ..

>> Friday, November 2, 2007

ကောင်မလေးရေ..
ပြာရည်မှုန်မှိုင်း ထုံးထိုင်တဲ့ဝန်းကျင်မှာ
နှင်းမပီလို့ ရွာကျတဲ့မိုးတွေ
ငါ့အပေါ်ဖြန်းပက်
အအေးဓာတ်တွေ ဘယ်လောက်လွှမ်းလွှမ်း
ငါလေ တစ်ချက်လေးတွေးမိလိုက်ရုံနဲ့
မင်းရဲ့ အနမ်းတစ်ချက်
ကော်ဖီတစ်ခွက်ရယ်
ရင်တွေတသိမ့်သိမ့်တုန်
ချမ်းနေပေမယ့်လဲ
သတိရယုံနဲ့
ငါလေ မအေးတော့ဘူး။

Read more...

အလွမ်းစာ

>> Saturday, October 27, 2007


ဒီတစ်သက်တာ တစ်ဘ၀စာမှာ
မင်းကိုသာလျှင် အချစ်ဆုံး။
မင်းချက်ပေးတဲ့ ခေါက်ဆွဲလေးကို
ဓာတ်ပုံလေးသာ စားရသော်လည်း
ရင်မှာကြည်နူး ရွှင်မြူးမိ၏။

ခင်မင်ယုယ မြတ်နိုးတွယ်တာ
ချစ်ဖွယ်စကား တီတာကြားကာ
ရင်မှာနှောင်ရစ် အချစ်ဖြစ်၏။

Read more...

ဆွေးမြေ့သူ့ည

>> Friday, August 17, 2007



ဟာနေတဲ့ ငါ့ရင်ထဲ
အိမ်မက်ဟောင်းတွေ ပြန်အသက်သွင်းတိုင်း
တိတ်ဆိတ်တဲ့ သူ့ရယ်သံကလွဲလို့
ဘယ်အရာကမှ အောင်ပွဲမခံခဲ့ဘူး။



ကြယ်တွေကို ကြိုးနဲ့သီပြီး
ချစ်သူရဲ့လည်မှာ
(စိတ်ကူးနဲ့) ဆင်ခဲ့ဖူးတယ်။
(လမင်းကတောင် မနာလိုဖြစ်သေးတယ်။)


ဒါပေမယ့်ကွာ
ပန်းတွေတအားပွင့်တဲ့ ရာသီမှာတောင်
ငါဆိုတဲ့ကောင်က
အဖူးအငုံလောက်တောင် ဖြစ်ခွင့်မရခဲ့ပါဘူး။


ဒီလိုနဲ့ပဲ
ယုံကြည်မှုမိုးတိမ်တွေ ပြိုကွဲပြီး
ဝမ်းနည်းမှုမြစ်ရေတွေပဲ
တ၀ုန်းဝုန်းစီးဆင်းခဲ့တာပေါ့။


ဘယ်လောက်ပဲ
မျက်ရည်မုန်းတိုင်းတွေ
ရင်ထဲမှာထန်ခဲ့ပေမယ့်
အချစ်သစ်ပင်ရဲ့အမြစ်ကို
မတွန်းလှန်နိုင်ခဲ့ပါဘူး။


နောက်ဆုံးတော့
ကြေကွဲမှုအပိုင်းအစတွေကို
တစ်စစီပြန်ဆက်လိုက်တိုင်း
ဆွေးမြေ့ညတွေပဲ
ငါ့အတွက် ကျန်ခဲ့တာပေါ့။


ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

Read more...

အလွမ်းမပါတဲ့ ပြဇာတ်

>> Thursday, August 16, 2007


ကမ္ဘာကျော်စာရေးစရာကြီးကပြောဘူးတယ်။
ဘ၀ဆိုတာ (ဇာတ်ခုံတစ်ခု)လိုပါပဲတဲ့။
ကံဇာတ်ဆရာ အလိုကျ ကနေကြရတယ်တဲ့လေ။
ကျုပ်တို့အသိုင်းအ၀ိုင်းမှာလည်း ဒီဇာတ်တစ်ခုပဲအပ်ကြောင်းထပ်အောင် အပေါင်းအသင်းတစ်စုနဲ့ ကနေတုန်းပါပဲ။
အံ့စရာကောင်းတာက ဘယ်သူမှ အခုထိမျက်ရည်တစ်စက် မကျကြဘူး။
ပျော်လွန်းလို့တော့မထင်နဲ့။
နေရာပြောင်း၊ဒေသပြောင်း၊ဆရာပြောင်းနဲ့ တမေ့တမော ကတဲ့သူက က။
သူတို့ကြည့်ရတာ ရင်ခုံသံမပါတော့တဲ့ သံပါတ်ပေးစက်ရုပ်တွေနဲ့တူနေတာလား။ စက်ရုပ်တွေဖြစ်သွားကြလေသလားတော့ မသိ။
ကျုပ်လည်းဇာတ်ကောင်တစ်ကောင်ဆိုတော့ မျက်ရည်လည်းမကျမိတော့ပါဘူး။
ကဲမိတ်ဆွေတို့ရေ
လွမ်းလည်း မလွမ်းကြပါနဲ့။
ကသာဆက်ကကြပါတော့။


အလွမ်းမပါတဲ့ ပြဇာတ်

တွေဝေခြင်းပင်လယ်ထဲမှာ

မျောနေပြီးတော့
သတိလည်ခြင်းမေခဠာ
လာကယ်တာတောင်
ထမကြည့်တဲ့အကောင်။

ကိန်းမျဉ်းတစ်ခုလိုဘ၀မှာ
သုညကစပြီးရင်
အပေါင်းဖက်ပဲသွားမယ်လို့ထင်နေတဲ့
အနုတ်ကောင်။

သေမင်းကအတောင်ပံနဲ့
ရိုက်နှိုးမယ်ကြံကာမှ
ှနိုးလာတဲ့အကောင်၊
မိုက်မဲမှုခွေးတွေဟောင်နေတာ
မဆန်းဘူး။

ခမ်းနားကြီးကျယ်မှုမှန်သမျှ
အိပ်မက်ကစတယ်ဆိုတာ သိရက်နဲ့
တောက်!
အိပ်ရမှာတောင်ပျင်းသတဲ့။

တော်ပါတော့လေ…
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ်ရောက်ရာ ကိုယ့်ဘဝ
မျက်ရည်များတော့ ကျမနေပါနဲ့။ ။

ဇနိ
(စာရိုက်၊စာသိမ်း ရွှေမြင်း)

Read more...

နားလည်ပေးပါ

နှုတ်ခမ်းပါးလေးတလှပ်လှပ်၊ မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့နဲ့ ငါ့ကိုဖမ်းစားသွားတဲ့မိန်းကလေးရေ၊ မင်းအသံတွေကိုပဲကြားချင်လွန်းလို့၊ ညနေများရောက်ပြီဆိုရင် ငါ့မှာမပျက်မကွက် ထိုနေရာကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ရတယ်။ နောက်တော့လဲ စက်ခေါင်းမဲ့ရထားတစ်စင်းလို၊ လိုရာခရီးဘယ်လိုများစက်ရပ။ ထားလိုက်ပါတော့လေ၊ တစ်ခုပဲပေးခဲ့ပါ။ အသံတွေမရှိတဲ့အရပ်ကိုပြမယ့် မြေပုံညွန်းတစ်ခုပဲဖြစ်ဖြစ်ပေါ့။
(ဆြာဖြူနိ)

************

နားလည်ပေးပါ

-ပလီပလာ တီတီတာတာလည်း
ရယ်ရယ်မောမော ခပ်သောသောနဲ့ပြောရဲ့။

-အတင်းအဖျင်း သတင်းစုံလည်း
အားရပါးရ တစ်တစ်ခွခွလည်းပြောရဲ့။

-လိမ်လည်လှည့်ဖြား ညာစကားလည်း
ရေကုန်ရေခမ်း မနားတမ်းလည်းပြောရဲ့။

-သူတို့ပြောသမျှ ပြန်အန်ချရပေမယ့်
တကယ်တမ်းကျ
ကျုပ်ဘ၀ကို သူတို့နားမလည်ကြဘူး။
တစ်ခါတစ်လေ အလုပ်များလို့
ခဏနားနေရင်
သူတို့ပဲ ၀ုန်းကနဲ ဖုန်းကနဲ
မညှာမတာပစ်ချ
တကယ်ဗျာဆုတောင်းတိုင်းသာ ပြည့်ဝမယ်ဆိုရင်
အများသုံးတဲ့
ကျောင်းတယ်လီဖုန်းရဲ့ဘဝ
နောက်များ မရပါရစေနဲ့။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

Read more...

ထွက်စာတင်သွားသောအလွမ်းများ



ကျွန်ုပ်ထံ၌
အချစ်၊ အကြမ်း၊ အလွမ်းရယ်လို့
ဝန်ထမ်းသုံးဦး ရှိခဲ့ဖူးတယ်။

တအားချစ်၊ တအားလွမ်း
တအားခံစားခဲ့တဲ့ အတွေးအခေါ်က
အလွမ်းကိုခေါ်ခန့်လို့
ကျုပ်ဝန်ထမ်း(အလိုလို)ဖြစ်သွားခဲ့တယ်။

၂၁-ရာစုအ၀င်မှာပဲ
အတွေးအခေါ်ဟောင်းတွေကို
ပင်စင်ပေးလိုက်တော့
အလွမ်းဟာ မဖြေသာ နေစရာမရှိတော့တဲ့အတွက်
(သူ့ဘာသာသူပဲ)ကျွန်ုပ်ထံ ထွက်စာတင်သွားခဲ့ပါတယ်။ ။

ဇနိ
(စာရိုက်၊ စာသိမ်း - ရွှေမြင်း)

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP