Showing posts with label ပန်းချီ၊ပန်းပု၊ဓာတ်ပုံ. Show all posts
Showing posts with label ပန်းချီ၊ပန်းပု၊ဓာတ်ပုံ. Show all posts

လက်ဆောင်ပစ္စည်းများ

>> Tuesday, December 16, 2008


တစ်နေ့က သူငယ်ချင်း ဖိုးသောကြာနဲ့ ညီလေးလွင်ပြင် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်ကို သွားကြတယ်။ မယ်သောက်ဖို့နဲ့ မယ်လွင်ပြင်ဖို့ လက်ဆောင်ဝယ်သွားကြတာပေါ့လေ။ မောင်ဇနိတော့ မအားတော့ မလိုက်ဖြစ်ဘူး။ သူတို့တွေ လက်ဆောင် ပစ္စည်းဆိုင်ထဲမှာလည်း လက်ဆောင် ပစ္စည်းလေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်လာကြတယ်။ ကျနော် ဒီနားလေးမှာ ရုရှားက မာသရိုရှကာအရုပ်လေးတွေ အကြောင်း ရေးဖူးတယ်။ မြန်မာပြည်က ပစ်တောင်ထောင်ရုပ်လေးတွေလိုပဲ။ သိပ်လှတယ်၊ ချစ်စရာကောင်းတယ်။ ပြီးတော့ အဲဒီဆိုင်မှာ ရုရှားရိုးရာ အဝတ်အစားတွေနဲ့ အရုပ်ကလေးတွေလည်း ရှိတာပဲ။ မြန်မာမျက်စိနဲ့ ကြည့်ရင် နတ်ကတော်လိုလို ဘာလိုလိုလေးတွေ။ ချစ်စရာပါ။ ပြီးတော့ ယွင်းထည် ပစ္စည်းလေးလိုမျိုး အစ်တွေ၊ ဗူးတွေလည်း ပေါသပေါ့လေ။ မာသရိုရှကာ သော့ချိတ်လိုမျိုး ပစ္စည်းသေးသေးလေးတွေ ရှိတာပဲ။ ပြီးတော့ နံရံချိတ်ဖို့ရာ ပန်းချီကားလေးတွေလည်းရှိသလို၊ ပန်းချီချယ်ထားတဲ့ ပန်းကန်လေးတွေလည်း ပေါပါ့။ အရောင်အသွေး အဆင်စုံတဲ့ ပုဝါလေးတွေလည်း ရှိတယ်။ ပြီးတော့ မိန်းကလေး လက်ကိုင်အိတ်လို အလှချယ်ထားတာတွေလည်း ရှိပါ့။ မြန်မာပြည်မှာ အိုးပုတ်ချိုးရုပ်လို ကြွေထည်ပစ္စည်းသေးသေးလေးတွေလည်း ရှိတယ်။ သစ်သားတွေနဲ့ လုပ်ထားတဲ့ ကလေးကစားစရာ၊ အမှတ်တရ သိမ်းစရာ ပစ္စည်းလေးတွေလည်း ရှိတယ်။ မဇနိဖို့ လက်ဆောင် ပယင်းဆွဲကြိုးလေးနဲ့ လည်ဆွဲလေးကို ဒီဆိုင်ကပဲ ဝယ်တာ။ ပယင်းကို ရုရှားလို янтарь လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို amber လို့ ခေါ်ပါတယ်။ ဝီကီ ဒီနေရာမှာပယင်းအကြောင်းဖတ်နိုင်ပါတယ်။ မဇနိကို သူငယ်ချင်းရိုက်လာတဲ့ ဓာတ်ပုံတွေပြပြီး ဘာလိုချင်သလဲ ကြည့်ထား ဝယ်ပေးမယ်လို့ ပြောတော့ သူက တဆိုင်လုံး လိုချင်တာတဲ့။ ပယင်းဆွဲကြိုးဆိုရင် အလုံးကြီးကြီးလေးတွေကို သဘောကျသတဲ့၊ အဲ ပုဝါဆိုရင် ဒီလို အရောင်ခပ်မှိုင်းမှိုင်းလေးပေါ်မှာ အပွင့်ခပ်ကြီးကြီးလေးကို အရမ်းကြိုက်တာတဲ့။ လက်ကိုင်အိတ်ဆိုရင် မော်စကို အမှတ်တရ အရုပ်ပါတာကို လိုချင်တယ်တယ်တဲ့။ နံရံကပ် ပန်းချီပန်းကန်ပြားလေးတွေကိုတော့ နှစ်ကိုယ်တူ အိမ်ကျ ချိတ်ဖို့ အခုကတည်းက ဝယ်ထားချင်တယ်တဲ့။ ပြီးတော့ သူက ဆက်ပြောသေးတယ်၊ မိန်းကလေးကို အဲသလို လက်ဆောင်ပစ္စည်းဆိုင် လာပြလို့ကတော့ အကုန်အဝယ်ခိုင်းခံရတော့မှာပေါ့ တဲ့။ မယ်ဇနိသာလိုချင်ရင် ကောင်းကင်က ကြယ်တွေကို ကြိုးနဲ့ သီပြီး ဆွဲကြိုးလုပ်ပြီး ဆင်ပေးမယ်တောင် ပြောထားတာလေ၊ ဝယ်ပေးမှာပေါ့နော်။

ကဲ သူငယ်ချင်းတို့လည်း ရုရှားလက်ဆောင် ပစ္စည်းတွေကို အပျင်းပြေကြည့်ရတာပေါ့။















ဒီပုံကတော့ ရင်ပြင်နီပေါ်မှာ ရှိတဲ့ Saint Basil's Cathedral ပါ။

Read more...

Audrey Tautou

>> Monday, November 17, 2008


Audrey Tautou ရဲ့ ပုံတွေကိုတင်လိုက်ပါဦးမယ်။ နိနိနဲ့ တူတယ်ပြောထားတော့ နိနိဘယ်လို ပုံလည်း ခန့်မှန်းလို့ ရအောင်လို့နော်။













Read more...

တံတားများ

>> Friday, October 31, 2008


ဒီနေ့ bridge construction technology နဲ့ ပတ်သက်လို့ တိုကျိုမှာ seminar လုပ်တယ်။ seminar မစခင်မှာ Sumida river ထဲကို တံတားတွေဆရာက လိုက်ပြတယ်။ Sumida river က တိုကျိုကိုဖြတ်စီးနေပြီး တံတားပေါင်း ၂၆ ခုဖြတ်ဆောက်ထားတယ်။ Sumida river က တိုကျိုမြို့ကို ၂၇ ကီလိုမီတာနီးပါး ဖြတ်စီးနေတာဆိုတော့ တံတားတစင်းနဲ့တစင်းက (၁) ကီလိုမီတာခြားလောက် ရှိပါတယ်။ ရာသီဥတုက အုံ့မှိုင်းနေပြီး အတော်အေးလှတယ်။ ဓါတ်ပုံတွေတော့ သိပ်မလှဘူး။ အမှတ်တရအဖြစ် ဘလော့ဂ်မှာ တင်လိုက်တာပါ။ (ကျနော် ဇနိ ဓာတ်ပုံဆိုင်မှာ ပြင်ထားတယ်။) ညဆိုရင် ပိုလှတဲ့ rainbow bridge ကလည်း မိုးအုံ့နေလို့ မလှရှာဘူး။ suspension bridge၊ cable-stayed bridge၊ arch bridge၊ PC highway bridge အမျိုးစုံအောင် တွေ့ရတဲ့အတွက် ပင်ပမ်းရကျိုးနပ်တယ်ပေါ့။






































အရင်ကတင်ဖူးတဲ့ ကမ္ဘာမှာအရှည်ဆုံး suspension bridge ပုံလည်း ပြန်တင်လိုက်ပါတယ်။ Akashikaikyo bridge ဟာ center span 1990 meters ရှိတဲ့ အရှည်ဆုံးကြိုးတံတားဖြစ်ပါတယ်။ Honshu-Shikoku island ကိုဆက်ထားတဲ့ တံတားကြီးဖြစ်ပြီး တံတားဆိုင်ရာ နည်းပညာပေါင်းစုစည်းတွေ့နိုင်ပါတယ်လို့ ဆရာကပြောပြခဲ့ဖူးတယ်။


Tatara bridge ကို Matsuyama မြို့ကနေ သွားခဲ့တုန်းက ပုံပါ။ သူကတော့ 890 meters center span ရှိပြီး ကမ္ဘာ့အရှည်ဆုံး cable-stayed bridge အမျိုးအစားဖြစ်ပါတယ်။


Yokohama Bay Bridge ကတော့ center span 460 meters ရှိပြီး cable-stayed bridge ဖြစ်ပါတယ်။ Yokohama Port ကို အလှဆင်ထားတဲ့ တံတားတစင်းပါပဲ။


မဇနိ

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP