Showing posts with label ကူးယူထားသောကဗျာများ. Show all posts
Showing posts with label ကူးယူထားသောကဗျာများ. Show all posts

ကြိုက်မိသော ကဗျာများ

>> Monday, December 15, 2008


မောင်မျိုးက တက်ဂ် လုပ်ထားလို့ ရေးပါတယ်။ အကြိုက်ဆုံးကဗျာ တပုဒ်အကြောင်းကို ရေးရမယ်ဆိုတော့ ဘယ်ကဗျာကို အကြိုက်ဆုံးလည်းဆိုတာ စဉ်းစားပါတယ်။ ဒါပေမယ့် ခေါင်းထဲမှာ အကြိုက်ဆုံးကဗျာဆိုတာ ပေါ်မလာပါဘူး။ ကဗျာတွေကို ကျောင်းသင်ခန်းစာအနေနဲ့ အခြေခံပညာ ကျောင်းမှာ သင်ခဲ့ရသလို တက္ကသိုလ်ရောက်တော့လည်း သင်ခဲ့ရပါတယ်။ အရင်ကတည်းကလည်း မဂ္ဂဇင်းတွေထဲက ကဗျာတွေ ဖတ်ခဲ့သလို သူငယ်ချင်းတွေ ရေးတာတွေလည်း ဖတ်ခဲ့ပါတယ်။ ဒီတော့ အကြိုက်ဆုံး ကဗျာတပုဒ်ဆိုတာကို ပြောရတာ အတော်ခက်ပါတယ်။ အခုတလော စိတ်ထဲပေါ်လာတဲ့ ကြိုက်တဲ့ ကဗျာတချို့ကို တင်လိုက်ပါတယ်။


အခု ကဗျာကတော့ တောင်ငူသားဘလော့ဂ် ဆိုက်ဒ်ဘားမှာ တင်ထားတဲ့ ကဗျာလေးပါ။ ရေးတဲ့သူက မင်းကွန်းဆရာတော်ဘုရားကြီးဆိုလို့ ကျနော် သဘောကျသွားပါတယ်။ သူငယ်ချင်းတို့လည်း ဖတ်ရအောင် ဒီမှာ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

“တိပိဋကဓရ”
ဖြစ်ရတဲ့ အာနိသင်
သည်ကိုယ်တော် ဖတ်ဖတ်မော
ပြောမပြချင်။ ။
ကိုယ့်ကျောင်းနဲ့ ကိုယ့်ရပ်ခွင်
နေချင်လျက်မရ။ ။
ပူ အအေး ယှက်ထွေးဒဏ်ခံလို့
စုန်အဆန်မြန်တဲ့ခရီးမှာ
ကြီးတဲ့ ဒုက္ခ။ ။
မငြင်းတဲ့ မဆန်သာ
နိုင်ငံတော် သာသနာရေးပေမို့
ပြေးမလွတ်သာ။ ။
သူတကာ
ချမ်းသာဟု ထင်နေကြ။ ။
သို့ကတဲ
စိတ်ထဲသံဝေယူလို့
ကံမွေ ဟူ သည်အဖြစ်ကို
နှစ်လို့ခံရ။ ။

မင်းကွန်းဆရာတော်

အခု နောက်ကူးပြမယ့် ကဗျာတွေကတော့ သူငယ်ချင်းတစ်ယောက်က ကျနော်ဖတ်ဖို့ဆိုပြီး သူ့လက်ရေးနဲ့ ကဗျာတွေ ကူးပြီး ကျနော့်ဆီကို ပို့ပေးထားတဲ့ စာအုပ်ထဲကပါ။

အမည်မဲ့

ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ။
ဖြစ်ရပုံများ ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။
ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်လုံး ပါသွားတယ်တဲ့။
ကဲ.. ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။

သစ္စာနီ

**
မောင်ချောနွယ်ရဲ့ လွဲချော်မှု

အချက်အလက်တွေ များလှတဲ့
ကမ္ဘာကြီးထဲ
အရာရာဟာ ငါတွေးထားတာတွေနဲ့
တလွဲတချော်ချည့်ပါလား။
ဘယ်အရာကိုမှ
ဘယ်လိုမှ
ပြောလို့မရတော့ပါလား။
ခွေးမွေးထားပြီး…
ကိုယ်ကိုယ်တိုင်
ထ ထ ဟောင်နေရ
လက် က လက်ပါ
ဘာဖြစ်လို့ ခြေထောင်ဖြစ်သွားရတာလဲ..။

မောင်ချောနွယ်
***

အရန်လူ

ဘယ်သူ အနာတရဖြစ်မလဲ..
ဘယ်သူ အနီကတ်တိုးမလဲ..။

ပွဲသာပြီးသွားရော
(သန့်စင်လွန်းတဲ့ အကောင်းဆုံးအသင်း)
သက်ပြင်းမောနဲ့ လေပူမှုတ်
ကျွန်ုပ်
လက်ခုပ်တီးဖို့ မေ့နေတယ်။

မောင်နီမြင့် (ပင်လယ်)
***

ဘဝ

ငါးကို ငါးနဲ့မျှားခဲ့ကြ
မျှားငါးက ကြီးပြီး
ဟပ်ငါးက သေးတော့
ဖော့ကလေး လှုပ်ရုံ
ရင်ခုန်ရုံနဲ့
တစ်နေသာ ကုန်ပါရောလား။

မောင်နေသစ်
***

ဥယျာဉ်မှုး

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။

မောင်လှမျိုး(ချင်းချောင်းခြံ)

**

သြဂတ်စထရာ

လောကကြီးအပေါ်မှာ
ဂြိုးဂြိုးဂြိမ့်ဂြိမ့်
ဒေါသတွေ ချိမ်းပြီး
မှောင်နေ မည်းနေခဲ့တယ်။

မကြာမီ အငွေ့ပျံလို့
တေးသံတွေ ရွာချပါ့မယ်။

သုခမိန်လှိုင်

အခုကဗျာတချို့လည်း ဒီဘလော့ဂ်မှာ ကူးပြီးတင်ပြီးသားပါ။ ဘော်ဘော်တွေ ဖတ်ရတာပေါ့။
သတိတရနဲ့ တက်ဂ်တဲ့မောင်မျိုးရေ ကျေးဇူးတင်ပါတယ်။

Read more...

ဥယျာဉ်မှုး

>> Sunday, June 24, 2007

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။
မောင်လှမျိုး(ချင်းချောင်းခြံ)

Read more...

ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော၊

>> Monday, April 16, 2007

ပန်းချီ မောင်ငွေထွန်းရဲ့ လက်ရာ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူ ကောက်ကြောင်း ပါ။


ဂဠုန်ပျံဂါထာနှင့် ဂဠုန်ဘုရားရှိခိုးဘွဲ့ကဗျာ မဟာလေးချိုးကြီး
(သြော်)
မဟာဒုက္ခ...မဟာဒုက္ခဟဲ့။
...ဇရာဒုဗ္ဗလအရွယ် အသွမ်းမသွေးသင့်တဲ့
နခမ်းမွေးအမြင် မဟုတ်တောင်မှ
ဆရာဥက္ကဌ မကွယ် ကြငှန်းဝေးသော်လဲ့
ဘန်းနဘေး ရှင်ဘုရင် လုပ်ရပါတော့
ကမ္မဌာန်းပေး အသွင်ရုပ်ကယ်နှင့်
နုပ်သမို့ မကောင်းပေ။
(အိုကွယ်)
အမှန်အတွေးစခန်းဝေးရပါတဲ့
(သြော်)
မန္တလေးခင်တုတ်တို့နှင့် ကျုပ်တို့အကြောင်းပေ။

(သြော်)
မြန်မာပြည်တ၀ှမ်းတွင်ဖြင့်
သာယာဝတီ စခန်းဆီက
အာဇာနည်အစွမ်းတွေ ဟိုအရင် ယမန်က
ဗဟိုဠ်ပလ္လင်ပျံမှာ သမတ မတိမ်းအောင်လို့တဲ့
ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့်
မြစိမ်းတောင်ညိုညိုက
ချောင်ချုကာ အောင်ပဟိုရ် ရွန်းခဲ့တယ်
ထွန်းလွန်းဘွဲ့အောင်မြေ။
ယင်းအတိတ်မှာ မြန်မာတသတ်ပေမို့
အင်္ဂလိပ်စာ တဘာသာ အတတ်တာကြောင့်
န၀င်းဟိတ်အလာ ယတြာဓာတ်တွေနှင့်
(သြော်)
အာဏာ ပါဏာကပ်တွင်မှ
ဘာမမှတ် ညာမမှတ်
ပုန်ကန်ပလေ
ဘုံပြန်သပြေမှာဖြင့်
တြင်းကြေမလော
(အိုကွယ်)
ဂဠုန်အလံတွေနှင့် တနင်္ဂနွေသဘော။
ရတက်ကယ်လှိုင်
နှစ်ဘက်အတူပြိုင်လို့မို့
ဇမ္ဗူတပိုင် ကမ္ဘာမှာ မုန်းကြစို့ရဲ့လို့
သူအနိုင် ငါအရှူံးသာပ
သမ္ဘာစက် ဘုန်းအမူမရာမှာ မတူသာ တူသာနှင့်
အာဏာလက်ရုံး ထူကာထူကာဖြင့်
ဘသူ သာမသာကို
ခေတ်အလိုက် ပြုံးရမလိုနှင့်
နှစ်ဗျူဟာ စစ်တိုက်တုံးတွင်မှ
ဓမ္မရာဇ်ယမိုက်ဘုန်းတော် အသရေဂုဏ်နှင့်
ရေယမုန် သောင်ငွေကမ်းတွင်မှ
ရွှေဒဂုန် အောင်မြေစခန်းပေပ
တောင်ခြေ ဘဟန်းသူ
သပိတ်အမလေးတွေ မဖြင့်
ထိတ်စရာ့အရေးပုံမှာ ဗျာပါလျှံဘို့လို့
မဟာဆန်ဆန် အထပ်ထပ်သော ပြာသာဒ်အချွန်းတွေ အမွှန်းတွေနဲ့
သာလာယံ ဇရပ်ကျွန်းတွက်မှ
နတ်ညွန်းသိုက်စာ
အလိုက်ဘာသာ ကျသလိုပ
(သြ)့
မြန်မာအချင်းချင်း
ဂါထာနှင်းမပေါ့လို့...
သာကွင်းအပြီး နီးစရာကို
ဗြဟ္မာမင်းကြီးဘဲ လာလို့ချရော့သလ
သာမျှို့အရကို အစုံဖန်ပေါ့
ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာ ဂတိတွေနှင့်
ဂဠုံသရဏံ ဂစ္ဆာမိကြပေတော့
(အမယ်မင်း) အပြစ်ဘယာ မထိစေချင်တဲ့
ပဏိတ စေတနာ မနောတွင်မှ
ရှိရှိသမျှ အဝေရာ သဘောပါကွဲ့
(သြော်)
ခေတ်အခါကြီး ပြေရွာတကြောကိုဖြင့်
ရှစ်ခါတိတိ
ဖြစ်မှာ သိသိပြီး
အို(မယ်စန္ဒာရဲ့)...
မေတ္တာရှိတာကြောင့်
က၀ိက သေသေချာချာဟော။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP