ဥယျာဉ်မှုး

>> Sunday, June 24, 2007

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။
မောင်လှမျိုး(ချင်းချောင်းခြံ)

ချစ်သူသို့

>> Friday, June 22, 2007

မြို့အနှံ့မှာလည်း မင်းရဲ့ရနံ့တွေပဲ၊
အချစ်စိတ်တွေများ ထုံသင်းနေလို့လား။

အပြုံးပင်လယ်တွေဝေပြီး ဆုတွေတောင်းလို့
တစ်မိနစ်လေးတောင်မှ ဝေးဝေးခွဲပြီးမနေချင်ဘူး။

ဒီလောက်သာယာတဲ့ကမ္ဘာ တခြားမှာရှိကိုမရှိဘူး၊
တကယ့်ကိုမှ မင်းနဲ့ငါ နှစ်ယောက်တည်းရယ်။

မင်းများ မျက်ရည်ကျနေပြီဆိုရင်လေ
ငါလေ ဘာလုပ်ရမှန်းကို မသိပါဘူး။

မင်းဆီကို ငှက်ကလေးတစ်ကောင်လို
ပျံသန်းပြီး အမြန်လာချင်လို့
ကူညီကြပါဦး။

ငါဘယ်ကိုပဲ ရောက်ရောက်
ဘာတွေပဲ လုပ်နေလုပ်နေ
မင်းကို ဘယ်တော့မှ မမေ့ဘူး။

နေမင်းကြီးနဲ့ မျက်နှာခြင်းဆိုင်
တို့နှစ်ယောက်ထိုင်လို့
အိပ်မက်တွေလား အချစ်စိတ်တွေလား။
မြန်မာပြန် - ဇနိ

အချစ်

>> Wednesday, June 20, 2007

နှုတ်ဆိတ်ပြီးနေနေကြတာ
ရေခဲအမွှားအသေးလေးတွေလေ။
ဖန်သားလိုပဲ ကြည်လင်နေတဲ့ရေပေါ့။
အရောင်တဖျတ်ဖျတ်ထွက်နေပေမယ့်
အသံလေးတစက်တောင် မထွက်ကြဘူးလေ။
ဘာလို့လည်းဆိုတာကို လိုက်မရှာတာ ပိုကောင်းမယ်နော်။
ဖန်သားရေခဲလေးတွေလို နှုတ်ဆိတ်ပြီးနေတတ်အောင် သင်ပေးကြပါဦး။

တစ်နေ့နေ့မှာလေ
ရပ်ပြစ်လိုက်ရအောင်
သိပ်ချစ်နေတော့ အားလုံးက နောက်ကျနေပြီလေ။
အငွေ့ပျံနေတဲ့ ဘင်ဇင်းလိုပဲ
လောင်ကျွမ်းနေပြီဆိုတော့ ရင်ထဲမှာတဆစ်ဆစ်နဲ့ နာကျင်ရတယ်။
ဘာကိုမှလည်း မတောင်းဆိုရဲ၊ မပြောရဲဆိုတော့
နံနက်ခင်းက ရေခဲလေးလိုပဲ
သယ်ဆောင်ရာကိုလိုက်ရင်း
တဖြည်းဖြည်း ကွယ်ပျောက်သွားရတော့တာပေါ့။
မြန်မာပြန် - ဇနိ

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP