တပေါင်းလနဲ့ အညာရိုးရာပွဲ

>> Saturday, May 31, 2008


တပေါင်းလနဲ့ အညာရိုးရာပွဲ
မဇနိ
27 May 2008

အိမ်ကို ဖုန်းဆက်တော့ ဒီနေ့ ကျွန်မရဲ့ မြန်မာနှစ်မွေးနေ့တဲ့။ မုန့်မှုန့်တွေရှိတာနဲ့ မုန့်ဆီကြော်ကြော်ဖြစ်တယ်တဲ့။ အိမ်ကို ကြွလာတဲ့ သံတော်တွေကို ဆွမ်းနဲ့ မုန့်ကြော်ကပ်လှူတယ်ဆိုလို့ သတိရသွားမိတယ်။ မုန့်ဆီကြော်လည်း စားချင်လာတယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ယ်စားလို့ရတတ်တယ်။ လှည်းတန်းဈေးနဲ့ သိမ်ကြီးဈေးမှာ တခါတရံတွေ့ရတယ်။ ကျွန်မတို့မြို့မှာတော့ မြို့ဈေးမှာ အမြဲဝယ်လို့ရပါတယ်။ အိမ်မှာကြော်တာလောက်တော့ စားလို့မကောင်းတာအမှန်ပဲ။ မုန့်ဆီကြော်ကိုတော့ အညာသူ အညာသားတွေ ပိုနှစ်သက်ကြမယ်ထင်ပါတယ်။ ကျွန်မတို့ အညာက အစားအသောက်၊ ဓလေ့တွေက အောက်ပြည်အောက်ရွာနဲ့ ကွာခြားမှုတွေ ရှိတတ်ပါတယ်။ အညာက ရိုးရာပွဲတော်တခုအကြောင်း ဖတ်ကြည့်ကြပါဦးနော်။

Read more...

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၂)။

>> Thursday, May 29, 2008



သုံးလောက ထိပ်ထား မြတ်စွာဘုရား အဖြစ်ကို ရောက်တော်မူပြီးတဲ့ အခါမှာ မြတ်စွာဘုရားသခင်ဟာ လူ၊ နတ်၊ ဗြဟ္မာတွေကို ချွေချွတ်ဖို့ ကြည့်တော်မူတဲ့အခါမှာ ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ ၃၁ ဘုံသားတွေရဲ့ ဉာဏ်တော်ဟာ အဆမတန် ကွာခြားနေတာကို တွေ့ရတဲ့အတွက် တရားတော်တွေကို နားလည်နိုင်မှာ မဟုတ်လို့ မချွေချွတ်တော့ရန် စဉ်းစားမိပါသတဲ့။ အဲဒီအခါမှာ ဟုန်ဟုန်က ဗြဟ္မာကြီးက ဘုရားသခင်ရဲ့အကြံကို သိတဲ့အတွက် လာရောက်လျှောက်ထား တောင်းပန်ပါသတဲ့။ အရှင်ဘုရားအတွက်သာဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားရှေ့မှောက်မှာကတည်းက ကျွတ်တမ်းဝင်ခဲ့ပြီးပါပြီ။ အရှင်မြတ်ဘုရားက သတ္တဝါအများအတွက် ဘုရားဆုကိုပန်ခဲ့ခြင်းဖြစ်ပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးကာမှ သတ္တဝါအများကို ပစ်ထားတော်မမူပါနဲ့လို့ လျှောက်တင်ပါသတဲ့။ အဲဒီအခါမှာ ရှင်တော်မြတ်ဘုရားက ရှေ့က ဘုရားသခင်များ ဘာလုပ်ခဲ့သလဲ ပြန်ပြီး စဉ်းစားဆင်ခြင်တော်မူတဲ့အခါ တရားဦး ဓမ္မစကြာဟောတော်မူတာကို သိတဲ့အတွက် တရားဦးဟောဖို့ ပြင်ဆင်ပါတော့တယ်။

Read more...

နိပွန်ပြည်နဲ့ကျွန်မ

>> Monday, May 26, 2008


(နိပွန် ခေါ် ဂျပန်ပြည်ကို Kanji ဖြင့်ရေးထားပုံ။)

“နိပွန်ကြီးက တိုကျိုခေါ်၊ ဘိရုမာတွေ အရမ်းပဲပျော်။“ ..ဒီသီချင်းထဲကလို နိပွန်ခေါ် ဂျပန်ပြည်မှာ ဘိရုမာသူတွေ ပျော်နေကြတယ်။ ကျွန်မနဲ့တော့ အတော့်ကို သဟဇာတမတည့်တာလေးတွေရှိပါတယ်။ ကျွန်မကပဲ အများနဲ့ မတူနေလို့လား။ ကာလံဒေသံဆိုတဲ့ ကာလဒေသနဲ့များ လိုက်လျောညီထွေအောင် အနေမတတ်ဘူးလား။ နိပွန်ပြည်သားတွေကပဲ တခုခုလွဲနေလား။

Read more...

အညာဘုရားပွဲ

>> Sunday, May 25, 2008




သူငယ်ချင်း မောင်ပိန်(၀က်သားဒုတ်ထိုး)က စာနဲ့ လိုက်ဖက်မယ်ထင်တဲ့ ပုံတွေပို့ပေးလို့ တင်လိုက်ပါတယ်။ မူရင်း ပန်းချီပိုင်ရှင်များဆီကို ခွင့်ပြုချက်မတောင်းဘဲ တင်လိုက်တဲ့အတွက် အဆင်မပြေဖြစ်ရင် ပြောခဲ့ပါ။ ပြန်ဖြုတ်ပေးပါ့မယ်။


ဒီနေ့ မေလ ၂၅ ရက်နေ့ဆိုတော့ စိတ်က အလိုလိုနေရင်းကို မြို့လေးဆီ သတိရသွားတယ်။ ဒီချိန်ဆို အိမ်မှာ ဧည့်သည်တွေ ဘယ်နှစ်ယောက်များရောက်နေမလဲ။ အမေတယောက် ထမင်းချက် ဟင်းချက်နေရတာ အတော်ပင်ပန်းနေရှာရော့မယ်။ နေကလဲပူတယ်ဆိုတော့ စိတ်မော လူမောဖြစ်နေမလား။ ဒါမှမဟုတ် သူ့တူတွေ တူမတွေလာလို့ ပျော်နေမလား။ သေချာတာကတော့ အမေ ကျွန်မကို သတိရလိမ့်မည်။ အမေသာမက တအိမ်သားလုံးရော အိမ်နားနီးချင်းမိတ်ဆွေများ အစ်ကိုဝမ်းကွဲများပါ ကျွန်မကို သတိရနေမှာပါ။ ကျွန်မက သူတို့ရဲ့တောက်တိုမယ်ရ ကူညီတဲ့သူ ဖြစ်နေလို့ပါ။

Read more...

နာဂစ်နှင့် အလှူခံ(၂)

>> Friday, May 23, 2008

လူသားတွေဟာ ဘာသာမတူ၊ လူမျိုးမတူ၊ နေရာဌာနတွေ မတူပေမယ့် တစ်ဦးတစ်ယောက်က ဒုက္ခရောက်လာပြီဆိုရင် လူသားချင်းစာနာတဲ့စိတ်တွေနဲ့ တတ်နိုင်တဲ့ဖက်ကနေ ရိုင်းပင်းကူညီကြတယ်။ မျှဝေခံစားပေးကြတယ်။ လက်တဖက်တတ်နိုင်ရင် တဖက်နဲ့ ၀ိုင်းဝန်းဖေးမပေးကြတယ်။ တကယ်တော့ မိဘ၊ မောင်နှမ၊ သူငယ်ချင်းများနဲ့ ဝေးကွာတဲ့ နေရာမှာ တစ်ယောက်ထဲ နေရတဲ့သူတွေအတွက် အမိမြန်မာပြည်မှာ နာဂစ်မုန်တိုင်းက ၀င်တယ်ကြားရတော့ အတော်စိတ်မကောင်းဖြစ်မိ၊ အားငယ်မိတာပါ။ အားငယ်သူကို လက်ကူတွဲပြီး အားပေးစကားပြောလာတဲ့အခါမှာ အင်မတန်ကြည်နူးမိပါတယ်။ စိတ်အားငယ်နေသူကို ၀ိုင်းဝန်းဖေးမအားပေးစကားတွေပြောပြီး ကူညီရုံသာမက ကိုယ်တိုင်ကိုယ်ကျ အလှူခံကူညီပေးမှုပါတွေ့ရတော့ ၀မ်းသာမိပါတယ်။

Read more...

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၁)။

>> Thursday, May 22, 2008

“မသိကြလတ် တွေးဆအပ် နေ့မြတ်ခုနှစ်ထွေ
သံ၊ ဖွား၊ တော၊ ပွင့်၊ စက် ၊ စု၊ သင့်
ရှင်ပင့်သာကီဆွေ“
သုံးလူ့ထိပ်ထားမြတ်စွာဘုရားနဲ့ ပတ်သက်တဲ့ နေ့တွေကို မှတ်မိအောင် သီကုံးထားတဲ့ ငယ်ကတည်းက ရနေတဲ့ အလင်္ကာလေးရဲ့ အစပိုင်းပါ။ နောက်ပိုင်းမှာ တစ်နေ့ချင်းစီ အတွက် အသေးစိတ် တစ်ပိုဒ်စီရှိပါတယ်။ အဓိပြောချင်တာက နေ့ ခုနှစ်နေ့နဲ့ အဲဒီနေ့နဲ့ ပတ်သက်နေတဲ့ နေရာတွေပါ။
သံ = သန္ဓေယူသောနေ့
ဖွား = ဖွားမြင်သောနေ့
တော = တောထွက်တော်မူသောနေ့
ပွင့် = ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့
စက် = ဓမ္မစကြာ တရားဦး ဟောတော်မူသောနေ့
စု = ပရိနိဗ္ဗာန်စံတော်မူသောနေ့
သင့် = တေဇောဓာတ်လောင်သောနေ့
အဲဒီခုနှစ်နေ့ထဲမှာမှ ဖွား၊ ပွင့်၊ စက်၊ စု လေးနေ့ ဖြစ်ပေါ်ခဲ့ရာ နေရာတွေကို သံဝေဇနိယ လေးဌာနလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း တလေးတမြတ်ထားပြီး သွားချင်ကြတဲ့ နေရာတွေပေါ့။ အများအားဖြင့် ကံမကောင်းတတ်တဲ့ စစ်ကိုင်းသူ တစ်ယောက် ဒီတစ်ခါတော့ အရမ်းကို ကုသိုလ်ထူးစွာနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွား နိုင်ခဲ့ပါတယ်။ မေတ္တာရှင်ရဲ့မြေကို ခြေချရတာ အဲဒီတစ်ချက်တည်းနဲ့တင်ကို အရမ်း ကျေနပ်မိပါတယ်။

Read more...

ကျွန်တော် မန်ယူပရိတ်သတ်




မင်းကတော့လုပ်ပြီ။ ဖလားရခါမှ ဒီစကားလာပြောနေတယ်ဆိုလည်း ငြိမ်ခံယုံပါပဲဗျာ။ ကျွန်တော် မန်ယူပရိတ်သတ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ ကျွန်တော် တက္ကသိုလ်တက်ခဲ့တဲ့တစ်လျောက်လုံး အပေါင်းအသင်းတွေနဲ့ အတူ ညညမှာ ကျောင်းအဆောင်ကနေလစ်ပြီး ဘောလုံးပွဲ သွားကြည့်တယ်။ ဘောပွဲလောင်းတာလည်း အမြဲတော့မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ လောင်းတတ်ပါတယ်။ ပိုက်ဆံရဖို့ကို ကြည့်ပြီးလောင်းတာ မဟုတ်ဘဲ ငါ့အသင်းဆိုတဲ့ စိတ်နဲ့ လောင်းရတာဆိုတော့ အထက်ကြေးပေါက်လည်း အပေါ်ကထိုင်လောင်းတော့ ရှုံးတဲ့အခါလည်း ရှုံး၊ ပြားပေါက်စလေး စားရတဲ့အခါကလည်း စားပေါ့။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းပြီးသွား၊ ငယ်ပေါင်းတွေနဲ့ဝေးသွားတော့၊ ကျွန်တော်လည်း ဘောလုံးပွဲတွေနဲ့ အလိုလိုဝေးသွားပါတယ်။ တစ်ခါတစ်ရံမှာ တီဗွီမှာလာရင် ကြည့်တတ်ပေမယ့်၊ ကြည့်ဖြစ်အောင်ကို အားထည့်ကြည့်တာတော့ အတော်ရှားသွားပါပြီ။ အသက်ကလေးမဖြစ်စလောက်ကြီးလားလို့ စိတ်ဝင်စားမှုတွေ ပြောင်းကုန်တာထင်ပါရဲ့လို့လည်း တွေးမိတယ်။

Read more...

နာဂစ်နဲ့ ကျွန်မရဲ့အလှူခံ

>> Wednesday, May 21, 2008


ဒီနေ့တော့ ကျောင်းကအပြန် အပျော်တွေပိုက်ပြီးလာခဲ့တယ်၊ ပြန်တွေးကြည့်ရင် ဂျပန်မှာရောက်ကတည်းက ဒီနေ့ကျောင်းပြန်က အပျော်ဆုံးလို့ထင်မိတယ်။ ပျော်ရတဲ့အကြောင်းလေး ပို့စ်ရေးလိုက်ပါတယ်။

နေ့လည် ၁၂ နာရီ ၅၅ မိနစ်၊ စက္ကူဗူးတခုပွေ့ပိုက်ပြီး ဆရာမ၀င်လာပါပြီ၊ ကွန်နိချိဝ ပြိုင်တူနှုတ်ဆက်သံက ဒီနေ့မှပိုစည်ကားနေသလိုပါပဲ၊ စိတ်ထဲမှာတခုခုထူးခြားနေလို့ ဘေးဘီကို တချက်ကြည့်မိတော့ ကျောင်းသားတယောက်စီရှေ့မှာ ဘာရုပ်လေးတွေလဲမသိ ချထားတာတွေ့ရပါတယ်၊ ဆရာမနဲ့ အပြန်အလှန် နှုတ်ခွန်းဆက်ပြီး စာသင်ဖို့ စတင်ပါတော့တယ်။
ကဲ အရင်တပတ်ကပေးထားတဲ့ အိမ်စာတွေစဖတ်ကြမယ်။

Read more...

ဘဝတူ

>> Wednesday, May 14, 2008

ဒီနေ့ကသူ့အတွက်အရေးကြီးဆုံးနေ့။ လူတွေမှာအရေးကြီးဆုံးနေ့တွေ ကိုယ်စီကိုယ်ငှရှိကြမှာပါ။ ဒါပေမယ့် သူ့အဖို့တော့ ဒီနေ့လောက်အရေးကြီးတဲ့နေ့ သူ့ဘဝမှာမရှိဘူးလို့ထင်တယ်။ နောင်လဲရှိလာမှာမဟုတ်ဘူးလို့ယုံထားပြီးသား။ ဟုတ်တယ်လေ၊ ခင်ဗျားတို့ပဲစဉ်းစားကြည့်၊ လူငယ်တစ်ယောက်အဖို့ ကောင်မလေးတစ်ယောက်ဆီက အဖြေရမယ့်နေ့လောက် ဘယ်လိုနေ့မျိုးကများပိုအရေးကြီးဦးမှာလဲ။ အီရတ်မှာအမေရိကန်တွေရက်စက်နေတာ၊ လက်ဗ်နွန်မှာ ဟစ်ဇဘိုလာတွေသောင်းကျန်းနေတာ၊ အိုဘားမားနဲ့ကလင်တန်တို့ စကားရည်လုပွဲဆင်နွှဲနေတာ၊ သူ့ကိုဘာမှလာမပြောနဲ့။ အဲဒါတွေထက်အရေးကြီးတာသူ့မှာရှိပြီးသား။ ဒီနေ့လေးကိုရောက်ဖို့ သူ့မှာစောင့်စားလိုက်ရတာ၊ ရင်တွေခုန်လိုက်ရတာ၊ ဆုတွေတောင်းလိုက်ရတာ၊ အကြာကြီးပဲလို့အောက်မေ့မိတယ်။ အဖြေရမယ့်ရက်ကပိုနီးလေ၊ ပိုကြာတယ်လို့ထင်မိလေပဲ။ ကောင်မလေးကလဲ အဖြေမရသေးခင်အတောအတွင်း သူ့ကိုလာမတွေ့ဖို့အမိန့်ထုတ်ထားလေရဲ့။

Read more...

မဇနိရဲ့ မွေးနေ့ပွဲ မှတ်တမ်းတင် ဓါတ်ပုံများ

>> Tuesday, May 6, 2008

ဒီနေ့ အိုးဝေမှာ သူငယ်ချင်းတွေ ဆုံပြီး အာလူးဖုတ်နေကြတုန်း မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ထားပါတယ်။ ပထမဆုံးကတော့ ချောချောလှလှ သဘောကောင်း အပြောချို ပညာတတ် ဘာညာဘာညာ စသည်ဖြင့် အကောင်းတွေအကုန် ပြည့်စုံနေတဲ့ ကေလေး ပေါ့။


ဒါက မွေးနေ့ရှင်လေး မဇနိပါ။ သူ့မွေးနေ့ကိတ်ကို သူများမစားခင် ဦးအောင် အတင်းနင်းကန်စားနေတုန်း ရိုက်လိုက်တာပါ။ ဘယ်နှစ်နှစ်မြောက်လဲလို့ မေးတော့ ”သိချင်ရင် ဖေဖေ့မေး” လို့ ပလုတ်ပလောင်းနဲ့ ပြန်ဖြေပါတယ်။


မွေးနေ့ရှင်ရဲ့ ဒယ်ဒီ ကိုဇနိပေါ့။ သူလဲ ကူညီချက်ပြုတ်နေရတော့ မီးဖိုထဲမှာပဲ ရိုက်လိုက်တယ်

သူလေးက စစ်ကိုင်းသူ။ ဖျာလိပ်နတ်ကို ဘာမေးရပါ့လို့ စဉ်းစားနေတာလေ

တူဒေးကတော့ မုန့်တွေစားရလို့ ပျော်နေတာ။ ဘယ်သူတွေ ဘာပြောပြော ငါ ကတော့ မုန့်မှမုန့်ပဲတဲ့။

မောင်လုံးက သူ့နွားတွေ မနိုင်လို့ စိတ်တိုနေတယ်။ စကားကိုကောင်းကောင်းမပြောရဘူး နင်တို့နဲ့တော့ခက်တယ်လို့ ကြိမ်းမောင်းနေလေရဲ့။

မောင်ဖြူကတော့ သူ့ကို ဗိုက်ပူလို့ခေါ်လို့ ဆန်အကြွေးမပေးဘူးကွလို့ ခြိမ်းခြောက်နေတာပေါ့

ဒါကတော့ မဇနိအတွက် အိုးဝေက အမှတ်တရ မွေးနေ့ကိတ်လေးပါ။

မဇနိရေ သက်ရှည် ကျန်းမာ စည်းစိမ် ပညာတိုးလို့ ဘောလုံးပွဲတိုင်း နိုင်ပါစေ……

Read more...

မွေးနေ့အကျွေးအမွေးနှင့် ကျေးဇူးတင်စကား


မွေးနေ့ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ။
စစ်ကိုင်းသူရေ နောင်နှစ်တစ်ရာတိုင် ကိုဇနိအပေါ် နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသွားပါ့မယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။
ကိုမောင်ဖြူပေးတဲ့ ထပ်လောင်းဆုကိုလဲ အားရကျေနပ်စွာ ယူဆောင်သွားပြီ။
ကိုမောင်လုံးရဲ့ တိုတိုတုတ်တုတ် ဆုတောင်းလေးလဲ ကျေနပ်ပါတယ်။
ကဗျာရေးပြီး ဆုတောင်းပေးတဲ့ ကိုလူအေးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။
မကေ၄ ရေ လာလည်တာရော ဆုတောင်းသွားတာတွေရော ပျော်လိုက်တာ။
anonymous ကိုလည်း ကျေးဇူးတင်မိတယ်။
ညီမတော် ပေါက်စမ မုန့်စားချင်နေပြီလား။
လာလည်ဆုတောင်းသွားကြသော ကိုဇနိကို ပါရမီဖြည့်ပေးသွားကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်တဲ့အတွက် ဒီနေ့တော့ အကျွေးအမွေး အစီအစဉ် ဖွင့်လှစ်တော့ပါ့မယ်။

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP