အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်

>> Friday, April 27, 2007



အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်(၁၇၉၉-၁၈၃၇) ဟာ ခေတ်သစ်ရုရှစာပေကို ဦးဆောင်လမ်းထွင်ခဲ့တဲ့ ကဗျာစာဆိုကြီးဖြစ်တယ်။ မော်စကိုမြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်မှာ သူ့ရဲ့ကဗျာကို ပထမဆုံးထုတ်ဝေခဲ့တယ်။ သူ့ရဲ့ကဗျာ ကြေးနီမြင်းသည်တော်၊ ဒရာမာပြဇာတ် ကျောက်တုံးဧည့်သည်တွေကို ဂန္ထ၀င်လက်ရာတွေအဖြစ် စာပေဝေဖန်သူတို့က သတ်မှတ်ကြတယ်။ လင်းဝေမြိုင် ဘာသာပြန်ခဲ့တဲ့ ကုတ်အင်္ကျီ(ရှန်နယ်)ကိုရေးခဲ့သူ စာရေးဆရာကြီး နီကိုလိုင်အိဂိုဂို(လ်)နဲ့ ရင်းနီးစွာ ပေါင်းသင်း ဆက်ဆံခဲ့ပါတယ်။
ပု(ရှ)ကင်ရဲ့ ဗြဲ(လ်)ကင်ပြောသောပုံဝတ္ထုများဆိုတဲ့ ၀တ္ထုတိုအတွဲကို ဆရာကြီးမောင်ထင်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
အဲဒီပုံဝတ္ထုတွေထဲက မင်းအတွက်ကျည်တစ်တောင့်ဆိုတဲ့ပုံဝတ္ထုကိုတော့ မြန်မာစာဖတ်သူများ စွဲငြိခဲ့ကြပါတယ်။ အဲဒီ ပုံဝတ္ထုကို အခြားစာရေးဆရာများလည်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့တာတွေ့ရတယ်။ သူ့ခေတ်မှာ ခေတ်စားခဲ့ဟန်ရှိတဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်တဲ့ အကြောင်းအရာကို သူ့ဝတ္ထုတွေမှာ တွေ့ရလေ့ရှိတယ်။ ပု(ရှ)ကင်ကိုယ်တိုင်လည်း ဒွေးလို့ခေါ်တဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်ပြီး ပြဿနာရှင်းကြတဲ့ ပွဲမှာ ဒဏ်ရာရကာ ကွယ်လွန်ခဲ့ပါတယ်။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP