မွေးနေ့အကျွေးအမွေးနှင့် ကျေးဇူးတင်စကား

>> Tuesday, May 6, 2008


မွေးနေ့ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ။
စစ်ကိုင်းသူရေ နောင်နှစ်တစ်ရာတိုင် ကိုဇနိအပေါ် နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသွားပါ့မယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။
ကိုမောင်ဖြူပေးတဲ့ ထပ်လောင်းဆုကိုလဲ အားရကျေနပ်စွာ ယူဆောင်သွားပြီ။
ကိုမောင်လုံးရဲ့ တိုတိုတုတ်တုတ် ဆုတောင်းလေးလဲ ကျေနပ်ပါတယ်။
ကဗျာရေးပြီး ဆုတောင်းပေးတဲ့ ကိုလူအေးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။
မကေ၄ ရေ လာလည်တာရော ဆုတောင်းသွားတာတွေရော ပျော်လိုက်တာ။
anonymous ကိုလည်း ကျေးဇူးတင်မိတယ်။
ညီမတော် ပေါက်စမ မုန့်စားချင်နေပြီလား။
လာလည်ဆုတောင်းသွားကြသော ကိုဇနိကို ပါရမီဖြည့်ပေးသွားကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်တဲ့အတွက် ဒီနေ့တော့ အကျွေးအမွေး အစီအစဉ် ဖွင့်လှစ်တော့ပါ့မယ်။


ပထမဆုံးတော့ မြန်မာထမင်းဟင်းကိုပဲ သုံးဆောင်သွားကြပါလို့။
အိမ်နဲ့ဝေးနေကြသူတွေဆိုတော့ ဒီဟင်းလေးတွေကို နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
တတ်သလောက် မှတ်သလောက်နဲ့ ဧည့်ခံထားတယ်။
ဝက်ကလီစာကို စပ်စပ်လေးချက်ထားလိုက်တယ်
အချဉ်အတွက် တိုကျိုဖက်က ၀ယ်လာတဲ့ မျှစ်ချဉ် ဆီတို့ဟူးစားကြနော်
ကြက်ဟင်းခါးသီးကို ပုဇွန်ခြောက်လေးနဲ့ကြော် ခြောက်ခြောက်လေးကြော်ထားတာ ( ပုဇွန်ခြောက်က ချစ်ညီမ ဟိုနေ့ကမှ အိုဆာကာက ပို့လိုက်လို့)
ငါးပိရည် ၃ကောင်လောက်ကျိုထားတာ မွှေးမှမွှေးနော် ငရုတ်သီးလေးလဲလှော်ထည့်လိုက်တယ် ကြက်သွန်ဖြူလေးလဲ ထောင်းထည့်ထားတယ်
အတို့အမြုပ်ကတော့ သံပရာသီ ဆလပ်ရွက် ဂေါ်ဖီရွက် နဲ့ ခရမ်းချဉ်သီးပေါ့နော် အားမနာနဲ့ တို့စရာတွေ အများကြီးနော်
ပဲနီလေးနဲ့ ကြာဇံဟင်းပူပူနွေးနွေးကိုလည်း သောက်ကြ၊ ပြီး ထမင်းစားပြီးရင်တော့ ရေနွေးကြမ်းလေးသောက်နော်။
ကဲကဲ ထမင်းစားပြီးစပ်နေကြရင် အချိုပွဲလေးလာမယ် ကြာမယ် ဖက်ထုပ်ကြော်ရယ် ပေါင်မုန့် လက်ဖက်သုပ်လေးစားကြနော် အာလူးကြော်လဲပါမယ် စတော်ဘယ်ရီချယ်လီလဲ စားကြပါအုံး ချဉ်ပေါင်းထုပ်နဲ့ လှည်းယဉ်ဇီးထုပ်ရော ကြိုက်ရင်သုံးဆောင်ပါနော် အချိုပွဲကတော့ အအေးလေးနဲ့ သုံးဆောင်ရင် အဆင်ပြေမလားလို့ စားသောက်ပြီး ဗိုက်လေးရင်တော့ အပြန်လက်ဆောင်လေးပါ ယူသွားကြပါအုံး

မုန့်ထုပ်တစ်ယောက်တစ်ထုပ်နော် လုတော့မလုနဲ့ပေါ့ ကိုမောင်လုံးနဲ့ ကိုမောင်ဖြူ မလုပါနဲ့ဆို မရဘူး ကဲကဲ ပျော်ပျော်ပါးပါး စားကြမယ်နော်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP