ခေါက်ဆွဲသုပ်နဲ့ ငါးကြော်
>> Thursday, September 25, 2008

Macaroni လေးတွေကို ၁၅ မိနစ်ခန့် ပြုတ်ပြီး ရေအေးနဲ့ဆေး အအေးခံထားလိုက်တယ်။
ခရမ်းချဉ်သီးနဲ့ ကြက်သားကို ရေစပ်စပ်လေးချက်ထားတယ်။
ပဲသီးတောင့်လေးတွေ နုတ်နုတ်လှီးပြီး ဟင်းထဲထည့်ချက်ထားပါတယ်။
နံနံပင်ကြိုက်တတ်ရင် ထည့်စားပေါ့နော်။
ကြက်သားဟင်းက မွှေးလို့လားတော့ မသိဘူး စားရတာ မွှေးမွှေးလေးဖြစ်နေတာ သတိထားမိတယ်။
ခေါက်ဆွဲနဲ့တွဲစားဖို့ ငါးသေးသေးရလာလို့ ကြော်လိုက်ပါတယ်။
ငါးကို ရေဆေး၊ ဆားဆနွင်းနယ်ပါတယ်။
ဆန်မှုန့်ကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်နယ်ထားပါတယ်။
ဆီပွက်ပွက်ဆူလာရင် ငါးလေးတွေကို ဆန်မှုန့်နယ်ထားတဲ့အထဲမှာ လူးပြီး ကြော်လိုက်တယ်။
ငါးဟင်းမကြိုက်ပေမယ့် ငါးကြော်လေးတော့ အကြိုက်သား။
မဇနိ

0 comments:
Post a Comment