မုန်လာဥနီသုပ်
>> Friday, December 12, 2008
မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ခြစ်လိုက်တယ်။
ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ပုဇွန်ခြောက်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ငရုပ်သီးစိမ်းအားလုံးထည့်ပြီး မုန်လာဥနီသုပ်တာပါ။
မြန်မာပြည်တုန်းကတော့ သံပုရာသီးနဲ့ သုပ်တာ။ အခုသံပုရာသီးဈေးကြီးလာလို့ ချွေတာတဲ့အနေနဲ့ မန်ကျည်းမှည့်အနှစ်လုပ် သုပ်တော့လည်း စားကောင်းပါတယ်။
ဒီလိုအသုပ်လေးနဲ့ ကြက်ဥကြော်လောက်ဆိုရင် မဇနိက ထမင်းစားမြိန်ပေမယ့် ကိုဇနိဆို ပန်းကန်နဲ့ဇွန်းနဲ့ သေချာခေါက်မယ်ဆိုတာ သိပါ့။
ရေနွေးနဲ့ အပျင်းပြေစားလည်းကောင်းပါတယ်။
မုန်လာဥနီကို ကြော်စားရင် မကြိုက်တဲ့ ကျွန်မအတွက် ဒီလိုသုပ်စားရတာ ပိုအဆင်ပြေပါတယ်။

မဇနိ
0 comments:
Post a Comment