ဘယ်သူ့ကို ထုချင်ကြလဲ။

>> Sunday, November 11, 2007



ဒီအရုပ်ပုံလေးက domino effect animation လေးပါ။ ဒီမှာပဲ upload လုပ်တာ အရုပ်ကလေးက မလှုပ်လို့ ပုံကိုကလစ်နှိပ်ပြီး နောက် ၀င်းဒိုးတစ်ခုမှာကြည့်ရင်လည်း ဖြစ်ပါတယ်။ ကိုယ့်စက်ပေါ်မှာ save လုပ်ပြီးမှ ကြည့်ရင်လည်းကြည့်ပါ။ ကလေးလေးကိုတော့ တကယ်က တူနဲ့မထုချင်ပါဘူး။ ထုချင်တဲ့လူကို စိတ်ကူးထဲမှာထည့်ပြီး တူနဲ့အားရပါရထုတာကို ကြည့်ကြပါတော့။

Read more...

~:D)

>> Saturday, November 10, 2007





Read more...

ဒိုင်ယာရီ (သို့) ဒဏ္ဌာရီ

>> Saturday, November 3, 2007


- အားလပ်ရက်များထဲမှ ဖဲ့ထုတ်ယူငင်သွားခဲ့သောအချိန်များ
- ညဥ့်နက်သန်းခေါင်ယံများထဲမှ အိပ်မက်ကမ္ဘာထိတိုင် လွှမ်းမိုးအနိုင်ယူသွားခဲ့သော ကျူးကျော်မှုများ
- အပျင်းပြေဝါးထွေးခဲ့သောကွမ်းယာများအား အသည်းနှလုံးပုံချိုချဉ်များနှင့် အစားထိုးခံခဲ့ရမှုများ
- အဝင်မှာခါး၍ မြိုချလျင်မူးတတ်သော်လည်း၊ အပေါင်းအသင်းစုံလျင်သောက်ဖြစ်ခဲ့သော ယမကာများအား၊ စတစ်ကာရောင်စုံအနားသတ်အချိုဗူးများဖြင့် သွေးဆောင်ဖျားယောင်းခဲ့မှုများ
- ရေမွှေးနံ့မပြယ်သေးသည့် ပန်းနုရောင်ပို့စ်ကဒ်များပေါ်မှ၊ တန်ဖိုးစုံတံဆိပ်ခေါင်းများ
- ဟောင်းနွမ်းရိယော်နေပြီဖြစ်သော်လည်း၊ အချိန်နှင့်ရက်စွဲကို အတိအကျမှတ်ပေးထားသော ရုပ်ရှင်လက်မှတ်များ
- အပေါင်းလက္ခဏာပါသော လူနှစ်ယောက်၏ အလှူခံဖြတ်ပိုင်းစများ
- အရောင်ပြယ်လွင့်နေပြီဖြစ်သော်လည်း မကြာခဏထုတ်နမ်းခဲ့ဖူးသော တစ်ရှူးစလေးများပေါ်မှ ရေစိုခံနှုတ်ခမ်းနီရာလေးများ
- မှတ်စုစာအုပ်အချို့၏ ပထမဆုံးစာမျက်နှာမှ ဝိုင်းစက်သောလက်ရေးများနှင့် အနုပညာဆန်သောလက်မှတ်များ
- ရပ်နေပြီဖြစ်သော်လည်း တစ်နေ့လျင်နှစ်ကြိမ်တော့မှန်နေသေးသည့် အမျိုးသမီးလက်ပတ်နာရီဟောင်းလေးတစ်လုံး
- တယ်လီဖုန်းနံပါတ်အချို့…
- ဆံနွယ်စရှည်ရှည်လေးတွေ …
- ရယ်သံလွင်လွင်လေး …
- မာယာမပါသောအပြုံး …
- ကိုယ်သင်းနံ့ဖျော့ဖျော့လေး …
- နောက်ဆုံး……..မာဆတ်ဆတ်နဲ့ပြောလိုက်တယ်….
- နင့်ကိုငါအမုန်းဆုံးတဲ့….
- အဲဒါဒိုင်ယာရီရဲ့အဆုံး။ ။

မောင်ဖြူ

Read more...

ကောင်မလေးရေ..

>> Friday, November 2, 2007

ကောင်မလေးရေ..
ပြာရည်မှုန်မှိုင်း ထုံးထိုင်တဲ့ဝန်းကျင်မှာ
နှင်းမပီလို့ ရွာကျတဲ့မိုးတွေ
ငါ့အပေါ်ဖြန်းပက်
အအေးဓာတ်တွေ ဘယ်လောက်လွှမ်းလွှမ်း
ငါလေ တစ်ချက်လေးတွေးမိလိုက်ရုံနဲ့
မင်းရဲ့ အနမ်းတစ်ချက်
ကော်ဖီတစ်ခွက်ရယ်
ရင်တွေတသိမ့်သိမ့်တုန်
ချမ်းနေပေမယ့်လဲ
သတိရယုံနဲ့
ငါလေ မအေးတော့ဘူး။

Read more...

မွေးနေ့ဆုတောင်း

>> Tuesday, October 30, 2007




ဒီကနေ့ အောက်တိုဘာ(၃၁)ရက်… ကျွန်တော့်သူငယ်ချင်း မောင်ဖြူရဲ့မွေးနေ့ပေါ့ဗျာ။

မွေနေ့မှာ ဆုတောင်းပေးရမယ်ဆိုတော့... ဘာဆုတောင်းပေးရမလဲ။

အင်း… အရေးကြီးဆုံးကတော့ ကျန်းမာရေးကောင်းဖို့မဟုတ်လား။

ဒီတော့ … ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်တိုင်အောင် ဘ၀တစ်ရှောက်လုံး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မိမိလိုရာရည်မှန်းချက်ကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျား။

ပြီးတော့ တစ်ကိုယ်တည်း လူပျိုကြီးဘ၀ကနေ အမြန်ဆုံး ကျွတ်လွတ်ပါစေဗျား။ ဒါကတော့ ဆုတောင်းပေးလို့ရတာတော့မဟုတ်ဘူး… ကိုယ်တိုင်လုံ့လစိုက်မှဖြစ်မှာ။ အဲဒီတော့ … နောက်သီတင်းကျွတ်မတိုင်မီ မိမိချစ်သောသူနဲ့အမြန်ဆုံးတွေ့ပြီး ဘ၀တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျား။ သူငယ်ချင်း မောင်ဖြူ သက်ကျော်ရာကျော် ရှည်စေသော်…


ကိုလုံး






ကိုမောင်ဖြူ


နေကောင်းကျန်းမာ စိတ်ချမ်းသာ၍၊ လိုအင်ဆန္ဒ ပြည့်ကြွယ်ဝပါစေ။


ကျွန်တော်တို့နှစ်ယောက်(ဇနိနှင့်ဇနိ၏သူမ)က ကိုမောင်ဖြူရဲ့ အလိုအပ်ဆုံးတွေထဲက အလိုအပ်ဆုံးတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။


ဇနိနှင့်ဇနိ၏သူမ

Read more...

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP