>> Wednesday, December 3, 2008

"ကြိုပွိင့် အလွမ်းပွင့်"
သစ်ရွက်တွေစီ
ရောင်စုံခြယ်ပန်းချီလို
စိမ်း… ဝါ ..နီ
အလှတွေအလီလီပြောင်း
မိုးနှောင်းရဲ့ ဆောင်းဦးရာသီ။
ခါတော်မီ ပသာဓကို
တသသ ဖြစ်အောင်
ခြယ်မှုန်းပန်းချီ
ဖွဲ့သီတေးချင်း
ရိုက်ကွင်းနဲ့ စာကဗျာ
(အနုပညာရပ်ဝန်းကလဲ…)
မှော်အသက်သွင်းနေတယ်…။
အရင်းအစစ်
တစ်ဆောင်းလွင်လွင်သစ်ရင်တော့
နှင်းစင်ရိုက်ခတ်
ရွက်ပြတ်တွေလွင့်စင်
ရိုးတံညိုနဲ့
ရွက်အိုတို့တမ်းချင်းမှာ…သာ
အလွမ်းပွင့်တွေ ဝေ။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP