အကြော်

>> Saturday, December 13, 2008


ဒီနေ့ အထွေအထူးလုပ်စရာ မရှိလို့ ရှိတဲ့ အသီးအရွက်ကလေးတွေနဲ့ အပေါင်းကြော်ကြော်စားမယ်လို့ စိတ်ကူးလိုက်တယ်။ အရင်ဆုံး မန်းကျည်းမှည့်၊ ငရုတ်သီးစိမ်းကို နုတ်နုတ်လေးကိုက်၊ ကြက်သွန်ဖြူ ဓားပြားရိုက် နုတ်နုတ်စင်း၊ နံနံပင်ရယ်နဲ့ တို့စရာ အချဉ်လုပ်ထားလိုက်တယ်။ အာလူး၊ ရုံးပတီးသီး၊ မျစ်ငရုတ်သီးစိမ်းကို ရေဆေး၊ ရေစစ်ထားတယ်။ ပထမဆုံးက အာလူးကြော်မယ်ဆိုတော့ အာလူးကို အကြော်မှုန့်၊ ဆား၊ ဂျင်းထောင်းအနည်းငယ်နဲ့ ခပ်စေးစေး နယ်ပြီး ဆီပူမှာ ထည့်ကြော်ပါတယ်။ နောက် ရုံးပတီသီးကို လေးစိပ်စိပ်ပြီး စောစောကလို နယ်ပြီးကြော်။ မျှစ်၊ ငရုပ်သီးစိမ်းလည်း အစပ်ကြော်လိုက်တယ်။ အိမ်မှာဆို မြင်းခွာရွက်ကြော်၊ ဆူးပုတ်ရွက်ကြော်လည်း ကြိုက်တာပါ။ အခုတော့ မရှိလို့ ထည့်မကြော်ရဘူး။
ကြက်သားလည်း ကြော်လိုက်သေးတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေလှီးထားပြီး ဆား၊ ဆနွင်းနယ်ထားလိုက်တယ်။
ဂျုံမှုန့်ကို ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်ထည့်ပြီး ကြက်ဥဖေါက်ထည့် ဆားပါထည့် ခေါက်ထားပါတယ်။ ပြစ်နေရင် ရေကျက်အေး နည်းနည်းထည့်တယ်။
ဆီဆူအောင်တည်ထားရင်း ကြက်သားတုံးလေးတွေကို ဂျုံနယ်ထားတဲ့အထဲ နှစ်ပြီး ဆီဆူတဲ့အခါ ထည့်ကြော်တာပါ။ တဖက်က အရောင်ရဲလာရင် နောက်တဖက်လှန်ပြီး မီးအေးအေးနဲ့ကြော်လိုက်ရင် အဆင်ပြေသွားရော။







မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP