ကပါရစေ…

>> Tuesday, December 9, 2008


ဒီအရပ်နဲ့ ဒီဇာတ်မှာ
မင်းသားလုပ်ပါရစေ…

မဆိုတတ် မကတတ် အရပ်ပျက်
ဇာတ်သံထွက်တယ်ဆိုလို့
အသံပြဲနဲ့အော် တတ်တာတခုရယ်…

ဟန်ကိုယ့်ဖို့ ရင်ကိုကော့လို့
လက်ကလေး ရမ်းကာ ရမ်းကာ
ဟန်ပါပါနေတတ်တာရယ်…

ဇာတ်ထောက် အကူသမား
ရှားနေသလား…
လာထား ညီလေး
လက်တို့လှမ်းခေါ်
အဲဒီအရပ်မှာ အရမ်းပေါတယ်
မင်းတလှည့် ငါတလှည့်..
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…

ဒီဇာတ် မပျက်
ခံနိုင်ရိုးလား ပရိတ်သတ်ရယ်..
အဆို မရ
အငို မပိုင်
ဘယ်သူတွေ ကြာကြာထိုင်ကြည့်နိုင်မှာလဲ။

ဒါပေမယ့်လေ ကပါရစေ
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…


0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP