ဘယာကြော်သုပ်

>> Monday, September 22, 2008





အပေါင်းကြော်တွေကို ခရမ်းချဉ်သီးနဲ့သုပ်စားရတာကြိုက်တဲ့ ကျွန်မအတွက် အခုတလောစားချင်မိတာက ဘယာကြော်သုပ်ပါ။
ကုလားပဲကို အရင်နေ့ကတည်းက ရေစိမ်ထားလိုက်တယ်။
နောက်တနေ့မနက်မှာ ရေစိမ်ထားတဲ့ ကုလားပဲကို ငရုပ်ဆုံနဲ့ မညက်တညက်ထောင်းပါတယ်။ လုံးကွဲလုံးကြေလေးက ကြော်လိုက်ရင် ပိုစားကောင်းတယ်လို့ ထင်မိလို့ပါ။
ဂျင်း၊ ကြက်သွန်ဖြူထောင်းတာကိုလည်း ကုလားပဲထောင်းထားတဲ့အထဲမှာ ထည့်မွှေထားတယ်။
ဆန်မှုန့်အစိမ်းအနည်းငယ်ရောပြီး ရေခပ်ပျစ်ပျစ်လေးနဲ့ ဆားပါထည့်နယ်ထားပါတယ်။
ဒယ်အိုးမှာဆီဆူရင် ထည့်ကြော်လို့ရပါပြီ။
ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန်နီကို ပါးပါးလှီး ရေဆေး ရေစစ်ထားတယ်။
ရလာတဲ့ဘယာကြော်ကို နည်းနည်းချေပြီး မဆလာလေးပါကြိုက်ရင်ထည့်၊ လှီးထားတဲ့ခရမ်းချဉ်သီး၊ ဂေါ်ဖိ၊ ငရုပ်သီးစိမ်း နံနံပင်လေးနဲ့ ခပ်ဖွဖွလေးနယ်သုပ်လိုက်ပါတယ်။
သံပရာသီးလေးပါ ညှစ်ထည့်လိုက်ရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ အနံ့လေးလည်း အမွှေးသား။
တခါတလေတော့လည်း ဒီလိုအသုပ်လေးနဲ့ ထမင်းပူပူလေးစားလို့ ကောင်းပါတယ်။ ကိုဇနိဆိုရင်တော့ အသားဟင်းမပါဘဲ ဒီအသုပ်နဲ့ထမင်းကျွေးရင် ဇွန်းနဲ့ပန်းကန်ခေါက်နေမှာ မြင်ယောင်မိပါသေးတယ်။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP