ကြက်ဟင်းခါးသီးကြော်

>> Friday, October 24, 2008





မနေ့ညက ပေါက်ဆီမှာ မမနုစံက ကြက်ဟင်းခါးသီးကြော် သိပ်မကြိုက်ဘူးလို့ ပြောသွားတာ ဖတ်လိုက်ရတယ်။ ဒါနဲ့ ညစ်ကျယ်ကျယ်ပြီး ဒီနေ့ ပုံလေးတင်လိုက်အုံးမယ်။ တကယ်က စားကြည့်စေချင်တဲ့ စေတနာပါ။ ကြက်ဟင်းခါးသီးကို မခါးအောင် ဟင်းချိုမှုန့်တွေနဲ့ ကြော်ကြတယ်။ အဆောင်မှာ သူငယ်ချင်းကြော်တာကို သွားသတိရမိတယ်။ ဒယ်အိုးကြီးထဲ ကြက်ဟင်းခါးသီးတွေထည့်ပြီး ခါးလို့ သကြားတွေပါ ထည့်ကြော်တော့ နောက်ဆုံး ခါးချိုကြီးဖြစ်သွားရော။
ကျွန်မကတော့ ကြက်ဟင်းခါးသီးကို ပါးပါးလှီး ဆားနဲ့သေချာနယ် ရေဆေးလိုက်တယ်။
ရေပြောင်အောင်ညှစ်ပြီး လိုအပ်တဲ့အစာတွေ ပြင်ဆင်လိုက်ပါတယ်။
မြေပဲဆံကိုထောင်း၊ ကြက်သွန်ဖြူနွှာ၊ ငရုတ်သီးမှုန့်နဲ့ ပုဇွန်ခြောက်လေးကို အဆင်သင့်လုပ်ထားလိုက်တယ်။
ကြက်သွန်ဖြူနဲ့ ငါးပိလေးဆီသတ် မြေပဲဆံပါထည့်ထားလိုက်ပြီး ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်ပါလိုသလောက် ထည့်မွှေထားပါတယ်။

ရေစစ်ထားတဲ့ ကြက်ဟင်းခါးသီးကိုထည့် ဆားလေးပါထည့်ပြီး သေချာမွှေကြော်ပါတယ်။ ငါးပိတွေ အစာတွေ ကြက်ဟင်းခါးသီးထဲ ၀င်သွားရင် ခါးတဲ့အရသာ သက်သာစေပါတယ်။ အချိုမှုန့်မသုံးတဲ့အတွက် ချိုကလီကြီး မဖြစ်တော့ပါဘူး။ မြေပဲဆံနဲ့ ပုဇွန်ခြောက်က စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းသွားရော။ ဆီပြန်ပြန်နဲ့ ခြောက်ခြောက်လေးနေတဲ့အခါ ကြက်ဟင်းခါးသီးကြော်တခွက်ကို လွေးလို့ရပါပြီ။

မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP