Yokohama Sea Paradise

>> Monday, October 6, 2008


ယိုကိုဟားမားကိုအလည်တခေါက် ရောက်လာမယ်ဆိုရင် သွားလည်ရမည့်နေရာလေးတခု တွေ့ထားပါတယ်။ တိုကျိုနဲ့လည်း သိပ်မဝေးလှတော့ မြန်မာပြည်ကနေ အလည်လာတဲ့ သူငယ်ချင်းများလည်း ကမကုရဘုရားကိုလာရင် Sea Paradise ကို ၀င်မယ်ဆိုရင် လမ်းညွှန်လိုက်ပါတယ်။

ယိုကိုဟားမားဘူတာကနေ Keihin kyuko line နဲ့ Kanazawa hakkei station ကိုစီးရတယ်။ အဲဒီဘူတာကနေတဆင့် Seaside line နဲ့ (၄) ဘူတာစီးပြီးရင် Hakkeijima station ကိုရောက်တယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် အေးချမ်းပြီး စိတ်အပမ်းဖြေနိုင်မည့် Sea paradise ကို ရောက်ပါပြီ။ တနေကုန်လျှောက်လည်လို့ မရိုးနိုင်အောင် လည်စရာတွေများလှပါတယ်။

တနေကုန်နေရာအနှံ့လည်မယ်ဆိုရင် ယန်း(၄၉၀၀) လက်မှတ်ဝယ်နိုင်ပြီး Aqua museum တခုပဲဝင်မယ်ဆိုရင် ယန်း ၂၇၀၀ တန် လက်မှတ်ကို ၀ယ်ရပါမယ်။ Aqua museum ကို လျှောက်လည်လိုက်တာနဲ့တင် ခြေထောက်တွေ တအားညောင်းပြီး Surf coaster လေးများစီးလိုက်လို့ကတော့ ချာချာတွေလည်သွားပြီသာ မှတ်ပေတော့။ ဒါပေမယ့် ပျော်စရာကောင်းပါတယ်။ Dolphin Dance ကိုကြည့်ရတာ စိတ်ဝင်စားစရာကောင်းသလို သနားစရာလည်းကောင်းနေတယ်။ ကကွက်တခုကလိုက်မှ သူတို့ကိုအစာကျွေးတာဆိုတော့ သူတို့ခမျာ အတော်လိမ်မာကြတယ်။


အသည်းယားစရာကောင်းလှတဲ့ blue fall လည်း စီးလို့ရတယ်။

အ၀င်ပေါက်မှာ ဓါတ်ပုံရိုက်လိုက်တယ်။

အပေါ်ကနေ ခြံကြည့်လိုက်ရင် ဒီမြင်ကွင်းလေးတွေက လှတယ်။

ဒီလိုလေးတွေစီးမလား

Aqua stadium မှာ လင်းပိုင်တွေကတာကို စောင့်ကြည့်ရတာလည်း စိတ်ဝင်စားစရာအကောင်းသား


ဖျော်ဖြေတဲ့မမတွေကို သူတို့လေးတွေက ခေါင်းပေါ်တင်ထားရှာတာ


မမတွေက တာ့တာလုပ်တော့ သူတို့တွေက အမြီးလေးတွေထောင်ပြီး တာ့တာလိုက်လုပ်ကြတယ်

သူတို့ကိုယ်ပေါ်မှာလည်း တက်လို့ရတယ်

တီးလုံးလေးတွေအလိုက် ကကြတာလည်း သနားစရာကောင်း

ဒါလေးကလည်း အံ့သြစရာ

ဓာတ်ပုံကင်မရာနဲ့ ဗွီဒီယိုရိုက်ယူလာတာလည်း ယူကျူ့မှာတင်လိုက်ပါတယ်။ ဆိုက်အလျော့လွန်သွားလို့ နည်းနည်းဝါးသွားတာ သည်းခံပြီးကြည့်ကြပါနော်။

ဒါကြီးကလည်း ၀က်ကြီးနဲ့တူလိုက်တာ

လိပ်ကြီးလည်း အတော်ကြီး


Sea Horse တွေ

ငါးတွေ

ရေဝက် (နာမည်အမှန်ကို မသိပါ။)

အရုပ်တွေ

ကြည့်ရတာ လှတယ်

ပင်ဂွင်းလေးတွေ

Surf coaster

ဒီနေရာကို သွားပြီး info ကြည်နိုင်ပါတယ်။
မဇနိ

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP