အချစ်ဆိုသည်မှာ

>> Saturday, October 11, 2008


အမသက်ဝေက တက်ဂ်ထားတယ်ဆိုလို့ အချစ်ဆိုသည်မှာကို ရေးလိုက်ပါတယ်။ အချစ်ဆိုသည်မှာ ဆိုတော့ အဓိပ္ပါယ်တွေဖွင့်ရတော့မှာပေါ့လေ။ အဲသလိုတွေ အဓိပ္ပါယ်တွေဖွင့်ရမှာကိုတော့ တကယ်တော့ မရဲပါဘူး။ ဒါပေမယ့်လည်း ကိုယ်ထင်တာကိုယ်ရေးလိုက်မယ်လို့ပဲ စိတ်ထဲထားပြီး ရေးလိုက်ပါတယ်။ ဘော်ဘော်တို့လိုချင်တဲ့ လိုရင်းကို မရောက်ခဲ့ရင်လည်း ဆောတီးလို့ ပြောပါရစေ။


အချစ်လို့ ပြောလိုက်တာနဲ့ ကျနော်က တခြားဟာတွေကိုပါ တွဲပြီးပြောချင်တာပါ။ ချစ်တာထဲမှာ မေတ္တာပေးတာတွေ၊ သစ္စာထားတာတွေ၊ အနစ်နာခံတာတွေ၊ ကူညီခံစားပေးတာတွေ၊ နားလည်မှုပေးတာတွေ ….. … .. ပါ ပါလာမှ အချစ်ဆိုတာ ပြည့်စုံမယ်ထင်ပါရဲ့။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ရဲ့ အချစ်အကြောင်းကို ပြောမယ်ဆိုရင် နှစ်ယောက်ကိစ္စဟာ တစ်ယောက်တည်းကိစ္စလို ခံစားနိုင်ပြီဆိုရင်တော့ အတော့်ကို ချစ်နေပြီလို့ထင်မိပါတယ်။ ကိုယ်လိုချင်တဲ့စံနှုန်းထားတွေ မကိုက်ညီလို့ မချစ်နိုင်ဘူးဆိုရင်တော့လည်း အဲသလို အချစ်က တမျိုးကြီး ဖြစ်နေပါလိမ့်မယ်။ ချစ်မိသွားရင် စံနှုန်းထားတွေကလည်း ကျိုးပြတ်သင့်သလောက် ကျိုးပြတ်သွားတာမျိုး၊ မကြိုက်တာတွေကလည်း ခွင့်လွှတ်နိုင်တဲ့ စာရင်းမျိုးထဲ ရောက်သွားတတ်ပါတယ်။

နောက်ထပ်ပြောချင်တဲ့ အချစ်ဆိုသည်မှာ ကတော့ … လူတစ်ယောက်က လူအများအတွက် အနစ်နာခံပြီး ကျင့်ကြံနေထိုင်၊ ဟောပြော သွင်သင်၊ နည်းမှန်လမ်းမှန်ကို ပြတာမျိုးပါ။ သူကတော့ တဦးတယောက်ကို ချစ်တာမျိုး မဟုတ်ဘဲ လူသားအများကို ချစ်တာမျိုးဆိုတော့ အတော့်ကိုလည်း ကြီးကျယ်မြင့်မြတ်ပါတယ်။
လူအများကလည်း သူတို့ကို တကယ်ချစ်တယ်ဆိုရင် သူတို့ ပြောတာတွေ၊ ပေးခဲ့တဲ့ နည်းတွေကို တကယ်လိုက်လုပ်ရမှာပါ။ လေးစားလောက်အောင် စံနမူနာထားလောက်အောင် နေ(နေ)သွား၊ ကျင့်(နေ)သွား၊ ချစ်(နေ)သွားတဲ့ သူတွေကိုလည်း တန်ဖိုးထားမိပါတယ်။

ကဲ ..အမသက်ဝေရေ သတိတရ တက်ဂ်လို့လည်း ကျေးဇူးတင်ပါတယ်။

0 comments:

Google-analytics

StatCounter


Online Users

Shinystat

Ad

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP